Part 9

291 24 0
                                    

နောက်နေ့မနက်ရောက်တော့ အကုန်အိမ်ပြန်လာကြသည်။
ပြန်လာတော့ hyunjin နဲ့ မလိုက်ချင်တာမို့ Chan တို့နဲ့ Lix ပြန်လိုက်လာခဲ့သည်။ သဲသဲကဲကဲအတွဲနဲ့လိုက်မိလို့ ပိုပီးနောင်တရခဲ့ရတဲ့ Lix ကလေးပါ..lix လဲအိမ်ပြန်ရောက်တော့ရှိသမျှအထုတ်တွေအကုန်ချပီး အားရပါးရအနားယူပစ်လိုက်သည်။ Hyunjin က စာတွေပို့နေတာတောင် မသိနိုင်လောက်အောင်ကို နှစ်နှစ်ခြိုက်ခြိုက်အိပ်
ပျော်နေပီ...Innie နဲ့ Lee know ကတော့ နားလည်မှုနဲ့အခန်းပြောင်းလိုက်သည်။ Innie က Chan နဲ့နေချင်တယ်ဆ်ိုလို့ Han နဲ့ Innie နဲ့အကုန်လဲလိုက်သည်။ Lix တို့အခန်းထဲ Han ရောက်လာပီး Hyunjin တို့အခန်းထဲ Innie ရောက်သွားသည်။

Hyun::hyung တကယ်ပဲ သူက ဒီမှာနေမှာလား

Chan::အင်းလေ

Hyun::ဟာဗျာ အတွဲကြီးနဲ့နေရဦးမယ် ဘယ်ဘဝက ဝဋ်ကြွေးမှန်းမသိဘူး Lix နဲ့အဆင်မပြေလို့ ဘူနေရတဲ့အထဲ

In::ကိုယ့်ဘာသာ အစွမ်းအစ မရှိဘဲနဲ့ နော် ကိုကို

Chan::ငါ့သဲသဲလေး ပြောတာမှန်တယ်

Hyun::သဲသဲလေးတဲ့ အော့ ရွံတာ

In::FA ကောင် Lix နဲ့အဆင်မပြေပါစေနဲ့

hyun::ကျေဇူး အရင်ထဲက အဆင်မပြေပါဘူးဆို စိတ်ညစ်တယ် Lix ကလဲစာတောင်မပြန်ဘူး အိပ်နေပီထင်တယ် ဟူး

Hyunjin သက်ပြင်းတွေချပီး သူအိပ်ယာပေါ်ခုန်တက်လိုက်သည်။ခဏာအကြာ သူလဲအိပ်ပျော်သွားသည်။
နောက်နေ့မနက် အလန်းမြည်သံကြားမှနိုးတယ်
နာရီကြည့်လိုက်တော့ မနက် 9 နာရီတောင်ထိုးနေပီ
ဒါတောင် ဟိုနှစ်ယောက်က မပူမလောင်တဲ့အတိုင်းဖက်အိပ်နေကြသည်။ Hyunjin စိတ်ထဲ စောက်အတွဲ တွေဆိုပီး ကျိန်ဆဲလိုက်သည်။ Hyunjin တို့လဲ မနေ့ကမှ ခရီးကပြန်ရောက်တယ်ဆိုတော့ ဒီနေ့ ဘယ်သူမှ ကျောင်းမသွားကြပါ Hyunjin လဲ ပျင်းပျင်းနဲ့ မနက်စာ စပီး ထပ်အိပ်လိုက်တာ ညနေကြမှနိုးသည်။

chan::နိုးလာလို့တော်သေးတယ် သေပီထင်တာ

hyun::hyung က အရမ်းချစ်တာပဲနော်

chan::ညနေ 6နာရီတောင်ထိုးနေပီလေ ညစာ စားပီး ပြန်အိပ်လိုက်တော့

hyunjin Chanစကားကြောင့် နာရီကိုကောက်ကြည့်လိုက်သည်။ နောက်ပီး felix ဆိုတဲ့ ကောင်လေးရဲ့ message များ ပြန်ထားမလားဆိုပီး စစ်ကြည့်တော့ ပြန်စာမရှိနေတဲ့အတွက် သက်ပြင်းချပီးဖုန်းကို ဘေးနကို ပစ်တင်လိုက်သည်။

Never Again ( Completed) Where stories live. Discover now