"Yahhhh မင်းမညစ်နဲ့"
"အရှုံးကို အရှုံး၀န်ခံလိုက်စမ်းပါ ငါခိုင်းတာ မင်းလုပ်ရမှာနော်"
"ငါမုန့်တွေဘယ်ရောက်သွားပြန်ပြီလဲ"
"မင်းဗိုက်ဖောက်ကြည့်လိုက်ရင် တွေ့မှာပေါ့"
ငြိမ်သက်စွာ တရွေ့ရွေ့သွားနေသော ကားထက် ခြားနားစွာ အထဲမှာတော့ ဆူညံအော်ဟစ်သံတွေက ကြီးစိုးနေသည်။ထိန်းမရသည့် သူတို့အဖွဲ့ကို အုပ်ကြီးအခုလို လွှတ်လိုက်သည်က မထူးဆန်းပါပေ။ ဘာပဲဖြစ်ဖြစ် ခရီးတစ်ခုထွက်ရင် အတွေ့အကြုံကောင်းတစ်ခုက ရစေတာမို့ Bangchan ခပ်ပြုံးပြုံးဖြင့်သာ ကြည့်နေလိုက်သည်။
"Hyung မရောက်သေးဘူးလား သေးပေါက်ချင်လာပြီ"
Hanစကားကြောင့် သူခေါင်းကုတ်မိသည်။စထွက်လာတည်းက အခုဆိုရင် 6နာရီလောက်ကြာနေပြီမို့ ကလေးတွေလည်း ညောင်းနေလောက်ပြီ။
"GPSမှာတော့ ရောက်ဖို့ လိုသေးတယ်ကွ"
"အုပ်ကြီးကလည်း တစ်ခါတည်းများ နှင်လွှတ်လိုက်လား အောက်မေ့ရတယ် ဒီလောက်ဝေးတဲ့နေရာကို လွှတ်ရတယ်လို့"
ငြီးစူစူပြောလာတဲ့ Hanစကားကြောင့် ခေါင်းညိတ်ပြီးသာ ထောက်ခံလိုက်သည်။
"Hyung ကျွန်တော်လည်း အောက်ခနဆင်းချင်တယ်"
I.N ပါ၀င်ပြောလာသောကြောင့် အနီးစပ်ဆုံး ဆိုင်တစ်ဆိုင်ရှိမယ့်နေရာကိုသာ အမြန်ဆုံးမောင်းရန်သာ ဆုံးဖြတ်လိုက်သည်။
...."အာ အခုမှ နေရထိုင်ရ သက်သာသွားတယ်"
ကားပေါ်က အကြောဆန့်ပြီးဆင်းလာရင်း ဆိုလာသည့် Changbin စကားနောက် Hanကတော့ အသည်းအသန်ပင် ဆိုင်ရှငိကိုမေးရင်း အိမ်သာကိုပြေးရတော့သည်။
"ဟျောင့် Felix ငါ့ရှေ့က ဘေးဖယ်စမ်း"
"ငါ့ဘာသာ ငါရပ်နေတာလေ"
ကင်မရာတစ်လုံးဖြင့် ဆိုင်ရဲ့မြင်ကွင်းကို ရိုက်ရန် လုပ်နေသည့် ဟျွန်းဂျင်ရှေ့ မတ်တပ်ရပ်ကာ ပိတ်ထားသော Felixသည် ပြောပြီး ရှေ့တည့်တည့်မှာထပ်ကွယ်ရင်း ဖြေးဖြေးချင်း လမ်းလျှောက်ကာ ထွကိသွားသည်။