8ခု
Uniဒီနေ့ကအိမ်ရှေ့စံမွေးနေ့ဖြစ်တာကြောင့်နန်းတွင်းနန်းပြင်အရင်ကထက်ပို၍စည်ကားနေလေသည်။ဧကရီရဲ့ထောင်ဟွားနန်းဆောင်တွင်ရှောင်းကျန့်ကဧကရီကိုပြင်ဆင်ပေးနေရသည်။မနေ့ညထဲကရှောင်းကျန့်ဧကရီကိုမျက်လုံးချင်းမဆုံရဲဘူး။ဘာလို့သူ့ကိုနမ်းတာလဲသိချင်ပေမဲ့ထုတ်မေးဖို့ရာလဲအခက်တွေ့နေပြန်တယ်။ထိုအကြောင်းကိုအစမဖော်တာပဲကောင်းသည်ဟုတွေးထားမိသည်။ဧကရီနဲ့သူ့ကြားစည်းတစ်ခုတော့ရှိနေသင့်တယ်မလား
ထောင်ဟွားပန်းတွေနဲ့ဆေးဆိုးပန်းရိုက်ထားတဲ့အဖြူရောင်ဝတ်ရုံ၏အနားစတွေကမက်မွန်ရောင်သန်းနေတဲ့ဝတ်စုံကိုဧကရီကိုခြုံလွှမ်းပေးလိုက်သည်။ရှည်လျားလှပတဲ့ဆံနွယ်တွေကိုကျောပြင်ကျယ်ထက်ဖြန့်စင်းချလိုက်သည်။သူ့ရဲ့ဧကရီကပြီးပြည့်စုံခြင်းတွေစုဝေးရာအလှတရားလေးဖြစ်တယ်..
"ရှောင်းကျန့် ညတုန်းက"
"အဲ့ဒါကိုမပြောကြရအောင်မေ့လိုက်ပါတော့"
"မေ့ထားရမယ်? ရှောင်းကျန့် ဘာလို့ဒီလိုပြောနိုင်ရတာလဲမေ့ပစ်ဖို့နမ်းခဲ့တာမဟုတ်ဘူး ငါ့ခံစားချက်တွေမင်းသိအောင်ဖော်ပြဖို့အတွက်နမ်းခဲ့တာ ရှောင်းကျန့်"
ဝမ်ရိပေါ်ကရှောင်းကျန့်ပုခုံးနှစ်ဖက်ကိုတင်းတင်းဖိကိုင်ကာအကြည့်လွဲနေတဲ့မျက်လုံးတွေကိုမရမကဆုံစေတယ်။
"မင်းငါ့အပေါ်နဲနဲလေးမှခံစားချက်မရှိဘူးလား"
"ဟင့်အင်း"
ချက်ချင်းမငြင်းပါနဲ့လားရှောင်းကျန့်ရာ။ဝမ်ရိပေါ်ကအံကြိတ်ပြီးမှိုင်းညို့စွာနဲ့မျက်ခုံးတွေတွန့်ချိုးကာစိုက်ကြည့်နေသည်။သူ့အကြည့်တွေကိုရှောင်လွဲနေတဲ့သူလေးကလိမ်နေသည်ဟုထင်သည်။ရှောင်းကျန့်ကသူ့ကိုအမြဲတမ်းငေးကြည့်နေတတ်တယ် ထိုမျက်ဝန်းမှာအားကျမှုတွေနှစ်သက်မှုတွေမြတ်နိုးမှုတွေရှိနေတာဝမ်ရိပေါ်မြင်တတ်တာပေါ့။ဒါပေမဲ့ရှောင်းကျန့်ကတော့အမှန်တိုင်းဖွင့်ဟမည့်ပုံမပေါ်။
"ဧကရီ..ကျွန်တော်ကအစေခံပါမဖြစ်သင့်တဲ့ဆက်ဆံရေးတစ်ခုကိုအရဲမစွန့်ချင်ဘူး ကျွန်တော်မင်းပစ်မင်းဒဏ်သင့်မှာကြောက်တယ် "
YOU ARE READING
Empress and his Servent✔
Fanfictionဧကရီရဲ့ဧကရီ... ဧကရီရဲ႕ဧကရီ... coverphoto credit #nighttoy95 #historical