မောင်အသက် (OR) စောအောလေးရဲ့ပါးပါး
အပိုင်း၃
ရှောင်ကျန် မောင်ပြန်မလာခင်အိမ်အလုပ်တွေခိုးလုပ်ကာ စောအောကိုလည်းထိန်းနေတယ်။
မောင်သိရင်ဆူမှာတော့သေချာတယ်။
ရှောင်ကျန် "သားသားရေ ပါးပါးတို့ရေချိုးပြီ ထမင်းစားရအောင်"
စောအောလေးကိုချီပြီ သူရေချိုးခန်းထဲခေါ်ကာ ရေချိုးပေးရင်သူပါချိုးလိုက်တယ်။
ရေကြိုက်တဲ့စောအောလေးကရေချိုးပေးရင်ပျော်နေတယ်။
ရှောင်ကျန် "ပါးပါးသားလေးကရေကြိုက်တယ်ပေါ့"
သူရေနဲ့ပတ်တော့ တစ်ခစ်ခစ်နဲ့ရယ်နေတယ်။
..........
ဝမ်ရိပေါ် အသက်ကိုချောင်းဖို့အသိမပေးပဲစောစောပြန်လာခဲ့တော့ အောက်ထပ်မှာရှိမနေတော့ အောက်ထပ်တစ်ခုလုံးမရှိချေ။
အပေါ်ထပ်တတ်ခဲ့တော့ အခန်းထဲကစောအောရယ်သံနဲ့ အသက်အသံကိုကြားနေရတယ်။
ရှောင်ကျန် "ပါးပါးကိုပြန်ပတ်တယ်ပေါ့"
စောအော "ခစ်ခစ်"
သူလည်းရေချိုးခန်းထဲဝင်ကာ
ဝမ်ရိပေါ် "သားအဖတွေဘာတွေရယ်နေကြတာလဲ"
သူအသံကြားတော့ အသက်ကလန့်သွားတယ်။
ဝမ်ရိပေါ် "မောင်ကိုစောအောပေး အသက်မထွက်နဲ့ဦး"
ရှောင်ကျန် "အသက်လုပ်ပေးလိုက်မယ် မောင်အေးအေးဆေးဆေးချိုးပါ"
ဝမ်ရိပေါ် "ရေချိုးတာတံခါးပိတ်မချိုးတဲ့အပြစ်ပေးရဦးမယ် ထွက်ပြေးဖို့မကြံနဲ့"
ရှောင်ကျန် "အသက်ထွက်မပြေးပါဘူးမောင်ရဲ့ "
ဝမ်ရိပေါ် "မောင်ကစတာပါ အသက်ရဲ့ မြန်မြန်ရေခြောက်အောင်သုတ်ပြီအဝတ်အစားဝတ်ထား အအေးမိနေမယ်"
ရှောင်ကျန် "အင်းမောင် အသက်အဝတ်အစားထုတ်ပေးထားမယ်"
ဝမ်ရိပေါ် "ဟုတ်ကဲ့ပါဗျ"
.........
ရှောင်ကျန်လည်း စောအောလေးကိုအဝတ်နဲ့ရေတွေခြောက်အောင်သုတ်ပေးပြီ ပေါင်ဒါနဲ့ နို့ရည်လိမ်းပေးကာ အကျီဘောင်းဘီရှည်ဝတ်ပေးလိုက်တယ်။