မောင်အသက် (OR) စောအောလေးရဲ့ပါးပါး
အပိုင်း၈(ဇာတ်သိမ်းပိုင်း)
ဒီနေ့ပိတ်ရက်ဖြစ်တာကြောင့် စောအောကိုကစားကွင်းလိုက်ပို့ပြီ အသက်နဲ့အပြင်မထွက်တာကြာပြီဖြစ်တဲ့အတွက်ပါ သူတို့တစ်နေ့လုံးလျှောက်လည်ဖို့စိစဉ်ထားကြတယ်။
စောအောကတော့အရမ်းကိုပျော်နေတယ်။
အဆော့သန့်လေးကကစားရမယ်ဆိုအမြဲတတ်ကြွနေတယ်။
ကစားကွင်းရောက်တော့ ရှောင်ကျန်မှာကလေးနှစ်ယောက်ထိန်းရတယ်။
ကလေးတွေဆော့တဲ့အရာတွေကို ဝမ်ရီပေါ်တစ်ယောက်ကိုဘယ်သူကဝင်ခွင့်ပြုလိုက်မှန်မသိဆော့နေပြီ သူပါအထဲကိုရောက်နေရတယ်။
နောက်မှသူသဘောပေါက်တယ် အမောင်ရီပေါ်က ကစားကွင်းတစ်ခုလုံးကိုငှားထားချင်ဖြစ်တယ်။
သူတို့ခနကစားဖို့အတွက်ပိုက်ဆံတွေအများကြီးကုန်လို့ပြောတော့ မောင်ဒီထပ်အများကြီးပိုရှာနိုင်ပါတယ် တဲ့လေ။
မောင်တစ်ယောက်ကိုတော့ လက်ဖျားခါရတယ်။
ကစားကွင်းမှာကစားပြီးလို့ဝတော့ မုန့်စားဖို့ဆိုင်တစ်ဆိုင်ကိုခေါ်လာကာ အထဲရောက်တော့သူတို့စားဖို့အတွက် သူအကြိုက်နဲ့စောအောအကြိုက်အစာစားတွေကိုလာချပေးတယ်။
မောင်ကအဲ့သလိုအမြဲအလိုက်သိနေတာကြောင့် မောင်ကိုပိုပိုချစ်လာပြီ သူများနောက်ပါသွားမှာတောင်စိုရိမ်လာရတယ်။
မောင်ကတော့သူကိုစိတ်မချဘူးဆိုကာ အလုပ်ချိန်ကလွဲရင်အမြဲသူနားမှာသာနေတတ်သည်။
စောအောကလည်းအရမ်းဆော့တာကလွဲရင် သူစကားကိုအမြဲနားထောင်တယ်။
အခုလိုအေးချမ်းတဲ့ဘဝလေးကိုဖန်းတီးပေးထားတဲ့ဘုရားသခင်ကို သူအလွန်ကျေးဇူးတင်မိပါတယ်။
...........
သူတို့စားသောက်ပြီ သားအဖတွေလျှောက်လည်ကြတော့ တစ်ချို့တွေကအားကျတဲ့မျက်လုံးတွေနဲ့ကြည့်နေကြပြီ တစ်ချို့ကအသက်ကိုမျက်လုံးကျွတ်ထွက်မတတ်ကြည့်နေကြတယ်။