တိမ်စိုင်တွေငိုရင်နေကြာတွေဟာ...ငိုကြွေးကြတယ်တဲ့...အလွမ်းရဲ့သင်္ကေတဟာနေကြာတွေမဟုတ်ပေမဲ့...ရွှေညိုချိန်နေဝင်ပြီဆိုနေကြာတွေဟာအလွမ်းဇာတ်သိပ်ဆောင်တယ်...ကိုယ်လွမ်းရတာတွေကိုမုန်းတယ်...
ဒါပေမဲ့...
ရွှေညိုချိန်နေဝင်ပြီဆို
နေကြာတွေဟာ
အလွမ်းတေးတစ်ပုဒ်ပဲ
တစ်ခါတစ်လေမှာ
သံစဉ် ရှိတေးသွားတွေထက်
သံစဉ် မဲ့တေးသွားတွေက
ပိုလွမ်းမောဖွယ်ရာကောင်းတယ်....
တစ်ကယ်လို့မင်းမှာသာနေမင်းကြီးလို
အလင်းရောင်တွေရှိတဲ့အခါ...
ကိုယ့်အတွက်မမှိတ်မတုန်မဲ့အလင်းမျိုး
ပေးသနားပါ......,
ကိုယ်ခပ်ဆွေးဆွေးနေကြာမဖြစ်ချင်ဘူး...
တောက်ပတဲ့နေကြာအဖြစ်ပဲရှင်သန်ချင်တယ်...
ဒါပေမဲ့မင်းသာနေမင်းကြီးမဟုတ်ခဲ့ရင်.....
* * * * *
ကျွန်တော်ကတိမ်စိုင်တွေလိုပဲ....
အပြောင်းလဲသိပ်မြန်တာ...ပုံစံတစ်ခုတည်းကို
ငြီးငွေ့လွယ်လို့တိမ်စိုင်တွေလိုအမျိုးမျိုးပြောင်းလဲရတာမျိုးကိုသဘောကျတယ်...
တစ်ကယ်လို့ကျွန်တော်သာခင်များလိုအပ်တဲ့အလင်းရောင်တွေပေးစွမ်းနိုင်ခြင်းမရှိတဲ့အခါ...
ဒါမှမဟုတ်ကျွန်တော်သာအဲအလင်းရောင်တွေကိုဖုံးအုပ်ပြစ်နိုင်တဲ့တိမ်စိုင်တစ်ခုသာဖြစ်ခဲ့ရင်...,
တစ်ယောက်လိုအပ်ချက်ကိုတစ်ယောက်ဖြည့်ဆည်းနိုင်ဖို့ဆိုတာထားဖြစ်တည်မှုကိုတောင်အလိုမရှိကြတော့တဲ့အခါတွေဆိုရင်နားလည်ပေးနိုင်ဦးမှာလား ????
YOU ARE READING
🐨⛅🌻🐰
Fanfictionနေမင်းကိုမျှော်လင့်ခဲ့ပေမဲ့တိမ်စိုင်တွေသာရခဲ့တယ်...ကိုယ့်အတွက်နေမင်းကြီးကလင်းရောင်ခြည်တွေထုတ်ပေးရင်တောင်ကိုယ်ဟာတိမ်စိုင်တွေကိုသာရူးသွပ်တဲ့နေကြာရူးလေးဖြစ်ခဲ့ရပြီ...