Part(2)

15 0 0
                                    

(Unicode)

“ သက်လွှာ…မင်းထိုင်ချင်ရင် ငါ့သူငယ်ချင်းဖြစ်ပေးရမယ် ”

‘ ကျားသားမိုးကြိုး နေအနောက်အရပ်ကများထွက်ကုန်ပြီလား ’

ခန့်က ဒီအသက်အရွယ်ထိ သူတစ်ယောက်ထဲကိုသာ သူငယ်ချင်းအဖြစ်သတ်မှတ်ခဲ့ဖူးသူ။ ခန့်ဘက်ကသူငယ်ချင်းဖြစ်ချင်ပါတယ်လို့ပြောလာတော့ လင်းဒနမှာ ကိုယ့်နားကိုယ်တောင်မယုံကြည်နိုင်ဖြစ်နေပေမဲ့ သကောင့်သားက အေး"လူ"ပင်။

“ ခန့် မင်းဘာတွေကြံနေတာလဲ ထပ်ပြဿနာရှာရင် မင်းအမေကိုငါတိုင်မှာနော် ”

“ မင်ကလည်းကွာ ငါပုံစံကပြဿနာရှာချင်တဲ့ပုံပေါက်နေလို့လား ကြည့်မရရင်ဆွဲထိုးလိုက်တာကြာရောပေါ့ ”

သက်လွှာမှာ အချေမတင်ဖြစ်နေသည့် ထိုလူနှစ်ယောက်ရဲ့အလစ် ထွက်ပြေးဖို့လုပ်လေတော့ ရုတ်တရက်လက်ကောက်ဝတ်ကနေ ဆောင့်ဆွဲခံလိုက်ရသည်။
လှည့်ကြည့်လိုက်တော့ ပေါက်ထွက်မတတ်စူးစိုက်ကြည့်နေသည့် ခန့်ဆိုတဲ့လူက ဒေါသထွက်နေသလိုပင်။

“ မင်းနားကန်းနေတာလား ”

“ မ..မဟုတ် အ! နာတယ် ”

တင်းကြပ်စွာဆုပ်ကိုင်ခံရသည့် လက်ကောက်ဝတ်ကနေ နာကျင်လာတာမို့ ဆွဲရုန်းဖို့ကြံပေမဲ့ပို၍သာဖျစ်ညစ်လာတာကြောင့် သက်လွှာ တစ်ကိုယ်လုံးတုန်ယင်လာခဲ့သည်။သွေးလည်ပတ်မှုမရှိတော့သည့်အတွက် လက်တစ်ဖက်ကလည်း ထုံထိုင်းစပြုလာသည့်အပြင် မျက်ရည်တွေတောင်မှမခိုင်နိုင်တော့။

“ မင်းကို ဘယ်သူကထွက်သွားခွင့်ပေးလို့လဲ ”

“ လွတ်ပေးပါတော့ ဟင့် နာတယ် ”

ကြောက်တယ်အမေ လက်ကောက်ဝတ်ကလည်းနာနေပြီ အမေသာရှိရင် သားဒီလိုတွေကြုံရမှာမဟုဘူး ဘာလို့ သားကိုတစ်ခါထဲမခေါ်သွားရတာလဲ '

ခန့် တော်တော့ လွှတ်လိုက် ”

“ မင်း ဖယ် နေ စမ်း ပါ ”

“ ကျွန်တော်…ခင်ဗျားနဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် ”

“ ဟမ် ”

ပြောတုန်းက လက်မခံချင်သလို ထွက်သွားဖို့ပြင်နေတဲ့ လူက အခုမှသူငယ်ချင်းဖြစ်ချင်တယ်တဲ့လေ။ နာကျင်လို့ ဝေသီ့နေသည့် ချွေးစတွေနှင့်တောက်ပနေသည့်မျက်ဝန်းဟာ မျက်ရည်စတွေကြောင့်စိုစွတ်နေသလိုပင်။ အောက်နှုတ်ခမ်းကို ပြတ်ထွက်မတတ်ဖိကိုက်ထားသည့်မှာလည်း သွေးပင်စို့နေချေပြီ။

You've reached the end of published parts.

⏰ Last updated: Apr 24, 2023 ⏰

Add this story to your Library to get notified about new parts!

သက်လွှာWhere stories live. Discover now