Part(1)

12 0 0
                                    

(Unicode)

ညို့မှိုင်းနေသည့် မိုးဦးအစမှာ တဖြောက်"ကျနေတဲ့မိုးစက်လေးတွေနှင့်အတူ ကျောင်းတွေဟာလည်းပြန်ဖွင့်ခဲ့ပြီ။

လင်ပါသားတစ်ယောက်ကို လက်မခံပေးနိုင်သည့် မိထွေးရဲ့နှိပ်စက်မှုတွေကြောင့် နိုင်ငံခြားအဆင့်မြင့်ကျောင်းကနေ မြန်မာနိုင်ငံရဲ့သိပ်မထင်ရှားသည့် ကိုယ်ပိုင်ကျောင်းမှာ ပြောင်းတက်ခဲ့ရသည်။အနည်းဆုံးတော့ မိထွေးရဲ့ နှိပ်စက်မှုတွေနှင့် ဝေးခဲ့ရသည်မို့ သက်လွှာ ပျော်မိပါသည်။

“ ဟေ့ ဆင်းလို့ရပြီ ”

ကားသမားဆီကနေ မာထန်နေသည့်အပြောအဆိုတွေဟာ တစ်ချိန်ကချိုသာခြင်းတွေနှင့်လုံး"မျှပင်မဆိုင်တော့။ အိမ်ရှင်တွေကအစ ထိုသို့ဆက်ဆံလာသည်မို့ အလုပ်သမားတွေကပါ သူအပေါ် ကြမ်းတမ်းစွာဖြင့်ပြောဆိုလာခဲ့သည်။

ကိုယ်ထိလက်ရောက်နှိပ်စက်မှုတွေ ရှိခဲ့ပေမဲ့ဘာမှပြန်မလုပ်နိုင်သလို မိထွေးဖြစ်သူတောင်မှ ထိုအပြုအမှုတွေအား ကျေနပ်နေသလိုပင်။

“ ဟင်း မအေနှင့်တစ်ရုပ်ထဲ အတူ"သေသွားရမှာ ကောင်းကျိုးမပေးတဲ့ကောင် ”

“ သခင်မရယ် ကြည့်ပါအူးဖြူလျော့နေလိုက်တာ အလောင်းလိုပဲ့ ”

“ ဟားဟားဟား ဒါပေါ့ နှင့်လိုအကောင်အတွက် အခုလိုနေရာပေးထားတောင်မှ ရောင့်တက်မလာနဲ့ သက်လွှာ ကိုယ်နေရာကိုယ်သိစမ်းပါ ”

သူဟာ ပျော့ညံ့လွန်းလို့ပင် ယခုလိုကြုံတွေ့ရသည်မို့ ကံကြမ္မာကိုလည်း အပြစ်မတင်နိုင်တော့။ ထိုးနှက်လာသည့် စကားလုံးတွေကြောင့် ပိုနာကျင်ရလေ အမေ့ကိုသာ ပိုလွမ်းလာခဲ့သည်။ တစ်ဦးတည်းရှိသည့် အဖေကလည်း ကိုမာဖြစ်နေသည့်အပြင်အသုံးအဖြုန်းကြီးတဲ့မိထွေးဟာလည်း စရိုက်အမှန်ပေါ်လာခဲ့ကာ ထင်တိုင်းကြဲပြုမူနေခဲ့သည်။

ကျောင်းဝတ်စုံကို သပ်ရပ်အောင်ပြင်လိုက်ပြီးနောက် ကျောင်းထဲကိုဝင်လာခဲ့သည်။ ရောက်လာကတည်းက တဖြောက်"ကျနေသည့်မိုးစက်လေးတွေကြောင့် ပွယောင်းနေသည့်သူရဲ့ဆံနွယ်တစ်ချို့ဟာ စိုစွတ်သွားသလိုပင်။

သက်လွှာWhere stories live. Discover now