ဒီနေ့ တိမ်တံတိုင်း ဆေးခန်းကိုနောက်ကျမှရောက်ဖြစ်သည်။ညကအစာအိမ်ပြန်အောင့်လို့မနက်အိပ်ရာထနောက်ကျသွားသည်။
မနေ့ကဖိတ်စာရွေးမည့်ကိစ္စမသွားဖြစ်လိုက်၍ဒီနေ့မှထပ်သွားရသည့်အတွက်နောက်ကျနေခြင်းသာ။အပြန်မှာမြကို ကုမ္ပဏီကိုဝင်ပို့ရင်းကားလမ်းကျပ်နေသည့်အတွက်ပိုနောက်ကျခြင်း....။တိမ်တံတိုင်း ဆေးခန်းကိုရောက်တော့ကြည့်ပေးရမည့်လူနာတွေကတန်းစီနေပြီ။
မင်းမြန်မြန်ပြန်လာမှဖြစ်တော့မယ်.သက်တန့်ရေ..။လူနာတွေကြားထဲမျက်လုံးကစားရင်းတစ်စုံတစ်ယောက်ကိုရှာဖွေလိုက်သည်။မတွေ့တော့မှစိတ်အေးကာ လူနာကြည့်သည့်အခန်းထဲဝင်သွားလိုက်သည်။အခန်းထဲစဝင်ဝင်ခြင်းမှာပဲ ရင်ဝစောင့်ကန်လိုက်သလိုအမောစို့သွားသည်။
ကိုယ်တော်ချောကလူနာလှဲတဲ့ကုတင်ပေါ်မှာအကျအနထိုင်ရင်း သူ့ကိုဒဏ်ရာရသည့်လက်ကိုမြှောက်ပြသည်။မနေ့ကဘယ်ဘက်လက်..။ဒီနေ့ညာဘက်လက်..။"ခင်ဗျားဒီနေ့စောတယ်နော်..တိမ်တံတိုင်း.."
သူ့ကိုအရင်လိုဦးတောင်တပ်မခေါ်နိူင်ဘဲအရိုေသတန်နေသည့် ကောင်စုတ်လေးကိုမျက်လုံးပင့်ကြည့်လိုက်သည်။မင်းဘာလို့အဲ့လောက်တောင်ရဲတင်းနေရတာလဲဆက်အဂ္ဂသွင်..။
"မင်းဒဏ်ရာလောက်ကိုမနွယ်ဆေးထည့်ပေးလို့ရတယ် လေ သူ့ဆီသွားပြီးလုပ်ခိုင်းလိုက်ပါ..ငါမင်းထက်အရေးကြီးတဲ့အခြားလူနာတွေကြည့်ရဦးမယ်"
"မနွယ်..ဒီနေ့မလာဘူး."
ဆက် သူ့ကိုပြုံးရင်းပြောလိုက်သည်။
ဘာပဲဖြစ်ဖြစ်ဆက်ကိုသူဆေးထည့်ပေးရမှာပဲမဟုတ်ဘူးလား..။
ဒီနေ့လည်းသူကနက်ပြာရောင်အင်္ကျီနဲ့ရှင်းသန့်နေသည်။စူးရှသောမျက်ဝန်းများနှင့်
အထင်သေးတဲ့အကြည့်တွေနဲ့ကြည့်တတ်ပေမယ့်ထိုအကြည့်ကိုပဲ ဆက်သဘောကျနေမိသည်။."မင်းကိုငါပြောထားတယ်မလား..မင်းငါ့ဆေးခန်းကိုတောက်လျှောက်မလာခဲ့ရင်ကောင်းမယ်"
ဆေးထည့်ရင်းပြောလိုက်သည့်စကားကိုဆက်မကြားချင်ယောင်ဆောင်လိုက်သည်။
သူပြောစကားကိုနားမထောင်သည့်ဆက်အဂ္ဂသွင်ကို တိမ်တံတိုင်း ထပ်ပြောလိုက်သည်။
YOU ARE READING
ကျွန်တော်ချစ်သောမောင်💖💖
Romanceမောင်ကကျွန်တော့်ထက်အသက်၅နှစ်ကြီးတယ်..ဒါမယ့်ကျွန်တော့ကမောင့်ကိုအသက်ကြီးလို့ဆိုပြီးရိုရိုသေသေတော့မဆက်ဆံနိုင်ဘူး..မောင့်ကိုမြတ်နိုးလွန်းလို့ကိုခေါ်တာ... မောင်လို့.... ဆက်အဂ္ဂသွင်