part9

2.4K 54 0
                                    

"လာပြီ ဟ...အကုန်လုံးသေချာစီကြစမ်း"

"သြော်..တော်ကလည်းရှင်..ဒီနားမှာထိုင်စမ်းပါသေချာ..တော့်ကိုကြည့်ရတာက ကိုမျက်စိနောက်နေပြီ"

ဒေါ်စန္ဒာသွင် ခင်ပွန်းဖြစ်သူပြာယာခတ်နေသည်ကိုကြည့်ရင်းပြောလိုက်သည်။
တစ်မနက်လုံး သားမက်ဖြစ်သူဒေါက်တာလာမည် ဆိုသောသတင်းကို မင်းရန်ဆီကကြားပြီးနောက်အခုလိုပြာယာခတ်နေခြင်း..။
ကိုရံတော်တွေကိုတန်းစီခိုင်းရတာနဲ့..။
အိမ်ကခိုင်းတဲ့လူတွေပါအငြိမ်မနေရ..။
သူကပိုကဲပြနေသည်။

"နေစမ်းပါစန္ဒာရယ်..ကိုယ်အခုလုပ်နေတာကိုယ့်သားအတွက် ကြိုပြင်ဆင်ထားတော့သားမက်ရှေ့မှာမျက်နှာမငယ်ရတော့ဘူးပေါ့"

စန္ဒာ့ကိုသေချာရှင်းပြရင်းဆိုဖာပေါ်ထိုင်လိုက်သည်။
ခင်ပွန်းဖြစ်သူနဖူးက ကျလာသည့်ချွေးကိုဒေါ်စန္ဒာသုတ်ပေးရင်း

"မင်းရန်ပြောတာမှန်ရောမှန်လို့လား ဒါလင်ရယ်..ဟိုကောင်ကယောင်တောင်တောင်ကမူးရူးထိုးကောင်မလား..တော်ကြာတော်လုပ်ခိုင်းတဲ့အစီအစဥ်တွေမှားပြီးတလွဲဖြစ်ကုန်မှဖြင့်"

ဦး.အဂ္ဂ...ဒေါ်စန္ဒာသွင့်ကိုစကားဆက်မပြောချင်တော့..သူလုပ်ခိုင်းသည့်အစီအစဥ်ကအောင်ကိုအောင်မြင်ရမည်။
သားစိတ်ချမ်းသာဖို့နဲ့ ဆွေကြီးမျိုးကြီးထဲကလူဖြစ်တဲ့ဒေါက်တာ့ကိုသားမက်အဖြစ်ဒီအိမ်ကိုရောက်ကိုရောက်ရမည်။
ဒါ့ပြင် ဒေါက်တာ့အဖေကအငြိမ်းစား
ရဲမူးမလား..။အကယ်၍ဒေါက်တာ့ကိုသာ သားမက်အဖြစ်သားဖြစ်သူကလုပ်နိူင်ခဲ့ရင်ရှေ့လျှောက် တရားမဝင်လုပ်ငန်းတွေအတွက်လည်းအန္တရာယ်ကင်းပေမည်။

"သူဌေး..သူဌေး.လာပြီအစ်ကိုလေးတို့...ဟောဟဲ..ဟောဟဲ.."

"ဟဘာတုန်း..ငါ့သားပြန်လာတာလား"

လာပြောတဲ့ခြံစောင့်ဦးတင် အမောတကောနဲ့ခေါင်းငြိမ့်ပြသည်။
ဦးအဂ္ဂ.အလန့်တကြားထပြီးအင်္ကျီကိုပြန်ပြင်လိုက်ပြီးလူအားလုံးကိုပြန်စီခိုင်းလိုက်၏။

"ကဲ..အဲ့ပုံစံတိုင်းနေကြ သူတို့လာရင် မင်္ဂလာပါ
သခင်လေးရဲ့အမျိုးသားကို  black house အိမ်တော်မှကြိုဆိုပါတယ်..အဲ့လိုတစ်ညီတစ်ညာထဲပြောရမယ်ကြားလား"

 ကျွန်တော်ချစ်သောမောင်💖💖Where stories live. Discover now