my stepfather (68)🐰🐹

1.5K 132 102
                                    

Unicode.

တက်လာခဲ့သည့်အချိန်က ရောက်ချင်ဇောတွေကြောင့်ထင်သည်ခြေလှမ်းတွေများ သွက်လက်နေခဲ့၏.....သို့သော် တကယ်တမ်းရင်ဆိုင်ရမည်ဆိုတော့ ကျွန်တော်သတ္တိတွေ အားလျော့စွာ.....အမြဲ သဘောတကျခြေသွက်စွာပင် ဝင်ချင်ခဲ့သည့် ဦးဂျွန်အခနး်လေးဟာ ဒီနေ့မှ တွန့်ဆုတ်နေခဲ့သည်......ဖွင့်ဟကာကျွန်တော့်ကို ကြိုဆိုနေသလားမသိအောင် အသင့် အသင့်ဖြစ်နေသော တံခါးအပေါက်ဝလေး၌ရပ်မိကာ ကျွန်တော့်ခြေလှမ်းတွေ အားနည်းနေခဲ့၏......

လက်သီးလေးတင်းတင်းဆုပ်လိုက်သည်......မျက်နှာပေါ်မှမျက်ရည်အပိုင်းအစလေးတစ်ချို့ကို သုတ်လိုက်ကာ.....ဦးဂျွန် ကျွန်တော့်အပေါ် ကို အရင်ကလို မဟုတ်တော့ဘူးဆိုသည့် ....မျှော်လင့်ချက်ရေးရေးလေးဖြင့်..... တွေဝေနေသောခြေလှမ်းတွေကို တိုက်တွန်းကာ အခန်းထဲသို့ ဘာမသိ ဘာမသာလေးဝင်လာခဲ့သည်......

"ဦးဂျွန် ကျွန်တော့်ကို ပြောစရာရှိတယ်ဆို ..."

တောက်ပပြီးနှစ်လိုဖွယ်အပြုံးလေးနှင့်အတူ..... ကျွန်တော်ရင်တွင်းခံစားချက်ကို မြိုသိပ်လိုက်၏.....အောက်မှ ပြောခဲ့သောအဘွားဖြစ်သူစကားကို မကြားခဲ့သလို နားမလည်ခဲ့သလို.... ဟန်ဆောင်လိုက်သည်.....ဘာပဲဖြစ်ဖြစ်ဒီအတွေးတွေဟာ ခဏတာလေးတော့ ကျွန်တော်စိတ်လေးသက်သာရာဖြစ်တာပေါ့..

ပြတင်းပေါက်လေး၌ရပ်ကာ ကျွန်တော့်ကိုကျောခိုင်းထားသော ဦးဂျွန်၏ ကျောပြင်ကို မွန်းမွန်းကြပ်ကြပ်လေးကြည့်မိလိုက်သည်......ဘာတွေဆက်ဖြစ်မလဲဆိုတာကြိုတင်သိနေမိတော့ ရင်လေးနေမိသည်ကအတိုင်းအဆမဲ့နေသည်မှာ တကယ်ပါ....

ဦးဂျွန်၏ အနားသို့လှမ်းနေသော ခြေလှမ်းတွေဟာအားကိုးရသွားတော့ သွက်လက်နေစွာ ......ကျွန်တော် ဦးဂျွန်၏ ကျောပြင်၌ မျက်နှာလေးအပ်ကာအနောက်မှ သိမ်းကြုံးဖက်လိုက်သည်......

"အခန်းခွဲအိပ်ကြမယ်..."

သိထားနေခဲ့သည့် စကားများကြောင့် ရင်တုန်ပန်းတုန်တော့အရမ်းမဖြစ်....သို့သော် ကျွန်တော်မကြားချင်ခဲ့ချင်တာတော့အမှန်....ဦးဂျွန်ရဲ့ ပြတ်တောင်းလှသောစကားတွေကို မျက်လုံးလေးမှိတ်ကာ လက်မခံချင်သလို နားထောင်မိလိုက်၏....

အချစ်ရဲ့...အကျဥ်းသား or ဦးရဲ့...အရုပ်လေးWhere stories live. Discover now