အပို​င်း(11)🏙

18.1K 1K 51
                                    

"မင်းသန့် အမေနဲ့အစ်မကို ငါအခုလိုဖြစ်နေတာတွေ ပြန်မပြောပါနဲ့ကွာနော်။ ငါအခုလဲ အဆင်ပြေနေတာမို့ သူတို့ကို ငါကြောင့်စိတ်မဆင်းရဲစေချင်ဘူး"

"ကိုကြီးဆက်ထုံး ရာ..."

မင်းသန့် ရွာကနေရောက်ချလာပြီးအကြီးကျယ်စိတ်မကောင်းဖြစ်ကာသဏ္ဍာန်ကို ဒေါသဖြစ်ရသည်။

"နော် နော် ငါညီကလိမ်မာပါတယ် မပြောပါနဲ့ကွာ အမေစိတ်ဆင်းရဲနေလိမ့်မယ်"

"သဏ္ဍန် မင်းတာဝန်ယူမှာဆို ခုတော့ကွာ ငါအစ်ကို ကို"

"ငါတောင်းပန်ပါတယ် မင်းသန့်ရာ.."

သဏ္ဌန် ဘယ်လိုစကားလုံးမျိုးနဲ့ တောင်းပန်ရမယ် မသိပေ ။မင်းသန့်ပြောချင်လဲပြောစရာပင် သူတာဝန်ယူမည်ဆိုသည့် အမျိုးသားလေးက ခုချိန်ထိ သူတာဝန်တွေသာ ယူနေရသည် မဟုတ်ပါလား ။

သူကိုသူလဲ စိတ်တိုမိသည် ခုချိန်ထိ ဘာမှ ရေးရေးရာရာ မလုပ်နိုင်သေး ကျောင်းပင်မပြီသေးတာ မို့သူဘာအလုပ်လုပ်ရမည် သူမသိ အလုပ်ကြမ်း လုပ်မည်ဆိုတော့လဲ ထုံး ကလက်မခံပါ ။

"ကဲပါ အဲ့ဒါတွေ ပြောမနေပါနဲ့တော့ အမေနဲ့အစ်မရော နေကောင်းလားဟင် ဦးကြီးငွေရော အရင်လိုပဲလား "

"အရီးနဲ့အစ်မက နေကောင်းပါတယ်၊ မင်းကိုလွမ်းတာ တစ်ခုပဲပေါ့ ဦးကြီးက အရင်လိုတစ်ချောင်ချောင်ပဲ ငါလဲစိတ်မချဘူးကွာ ငါကျောင်းပြီးရင် ပညာရေးဘက် ပြောင်းပြီး ရွာမှာပဲ ဆွဲခန့်လုပ်မယ်စဥ်းစားထားတယ်"

"ကောင်းတယ် မင်းသန့် ဦးကြီးအသက်ကြီးပြီ ဆိုတော့ ပြစ်ထားခဲ့လို့မကောင်းဘူး "

"သဏ္ဌန် မင်းကရော အခုဘာဆက်လုပ်မှာလဲ ကျောင်းကရော ဘယ်လိုလုပ်မယ်တွေးထားလဲ"

"ငါကျောင်းကိုတော့"

"မင်းဘာမှမပြောနဲ့ !!"

"ထုံး!!!"

"မောင်!!အယ်"

ဆက်ထုံး မင်းသန့်ရှေ့ မှခေါ်လိုက်မိသည်။ လခွမ်း ကျားရှေ့မှ မှောက်ရပ်လဲ တစ်သက်လုံး ထိန်းလာတဲ့ ရွာဇော် သိက္ခာတွေ တော့ကျပါပြီကွာ။

မောင့်.....သက်ဆက်ထုံး (Complete) Where stories live. Discover now