သွင်ခန့်ငြား ဆေးရုံထဲကနေ ပြေးထွက်သွားသော ကောင်လေးနောက်ကို အပြေးလိုက်ရတော့သည်။ ခုချိန်မှာ သူတတ်နိုင်တာအားပေးရုံပဲရှိမည်။
ခွဲစိတ်မှ ဖြစ်တော့မည့် အနာတစ်ခုအတွက် ရေရှည်ဆွဲထားဖို့ ဆရာဝန် တစ်ယောက်အနေနဲ့ သူလက်မခံနိုင်။
ဒီကောင်လေး ကိုမြင်မြင်ချင်း ခင်တွယ်မိတာကြောင့် သနားမိသည်။ လူကစွာတယ်ထင်ရပေ့
မယ့် အားငယ်နေတတ်တဲ့ သူမျက်လုံးတွေကြောင့် ခန့်ငြား ဒီတိုင်း လွှတ်မထားလိုက်နိုင်။"ဆက်ထုံးနေဦး ညီ ခဏနေပါဦး!!"
ဆက်ထုံး ခေါ်သံကြောင့်ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီ လှည့်ကြည့်လိုက်သည်။ သူနောက်လိုက်လာသောအစ်ကိုကြောင့် သူ ငိုနေသော မျက်လုံးတွေကို ကမန်းကတမ်း သုတ်ပြစ်လိုက်သည်။
"ခဏနေဦး ညီ အခုလိုထွက်သွားလို့မရဘူးလေ။ အခုချိန်မှာ မင်းက ကိုယ့်လူနာဖြစ်နေပြီ ကိုယ့်စကားကို နားထောင်ပေးပါ"
သူဘာမှမပြော မှင်သေသေနဲ့သာရပ်နေမိသည်။ သူမှာဘာမှ ပြောစရာစကားလဲ မရှိသလို ပြောချင်စိတ်လဲ ရှိမနေပါ ကြောက်ရွံခြင်းတွေကသာသူ့ကို ကြီးစိုးနေသည်။
"လာ ....ညီ ဆိုင်တစ်ခုခုသွားရအောင် စကားအေးဆေးပြောချင်တယ်"
သူ အစ်ကိုခေါ်ရာနောက်ကို မငြင်းဆန်ပဲ ခေါင်းလေးငုံကာလိုက်ခဲ့မိသည်။ ဆိုင်ထဲရောက်တော့ အစ်ကိုကသူကို သေချာလေး ဂရုတစ်စိုက်ရှိရှာပါသည်။
"ဘာစားပြီပြီလဲ ညီ ပျော့တာတစ်ခုခုစားမလား အစ်ကိုမှာပေးမယ်လေ"
ဆက်ထုံး ခေါင်းခါသည်။
"အဲ့လို ခေါင်းမာနေလို့မရဘူး ညီ
ဖြစ်လာရင် ရင်ဆိုင်ရမယ် ကျော်လွှားရမယ် ကိုယ်တို့ကယောကျာ်းတွေပဲ မဟုတ်လား""ကြောက်တယ်အစ်ကို ကျွန်တော်ကြောက်တယ်၊ ကျွန်တော် မသေချင်သေးဘူး "
"မသေပါဘူး ညီရာ သေစရာလားကွ !! ကိုယ့်စကားကိုသာ နားထောင် ညီအကုန် အဆင်ပြေစေရမယ်ဟုတ်ပြီလား"
ခန့်ငြား စားပွဲထိုး လေးကိုခေါ်ကာညီအတွက်ပါမှာလိုက်သည်။
BẠN ĐANG ĐỌC
မောင့်.....သက်ဆက်ထုံး (Complete)
Lãng mạnအလုပ်လွန် ကျွန်ဖြစ်တဲ့.... အချစ်လွန်တော့ အရူးမူးဖြစ်.... ပေးဆပ်လွန်ပြန်တော့ အရူံးဖြစ်တယ်တဲ့ဗျ...💛