P-6

598 33 6
                                    

Candy and  Cigarettes ᥫ᭡🍬🚭
P-6
နှစ်ဦးသားရဲ့သွေးသားပေါင်းစပ်ပြီး
ဖြစ်ပေါ်လာမယ့်အရာသေးသေးလေးကို
ဘာကြောင့်များအာ့လောက်မက်မောနေမိပါလိမ့်
မောင့်ရဲ့သွေးသားနဲ့ရောစပ်ပြီးဖြစ်လာမယ့်
ကိုယ်ပွားလေးအကြောင်းတွေးမိတိုင်း
ရင်တွေတလှပ်လှပ် စွန့်စားရတာ
ခက်ခဲပါတယ်.ဒါပေမယ့် တစ်ဇွတ်ထိုးစွန့်စား
ကြည့်မယ်.
မောင့်မျက်နှာကိုငေးမောကြည့်ကာ
ညအိပ်ရာဝင်တိုင်းတွေးဖြစ်ခဲ့တဲ့အတွေးလေးတစ်ခုပါပဲ
အကြောင်းအရာတစ်ခုကို
တွေးကာအိပ်ပျော်သွားသော
လူသားသေးသေးလေးကို
Jeonတစ်ယောက်ထွေးပွေ့ထားမိတယ်
တစ်ခုခုတွေးတောနေတာကိုမောင်သိသည်
မျက်နှာလေးကိုမော့ကာအရောင်တောက်နေသောမျက်ဝန်းလှလှလေးတွေနဲ့ကြည့်နေမှာ
မြေကြီးလက်ခပ်မလွဲ.
ဆိုင်သူလေးအိပ်ပျော်သွားမှသာ
မှိတ်ထားသောမျက်ဝန်းတွေကိုဖွင့်ကာ
ပါးနုနုလေးထက်အနမ်းတစ်ပွင့်အား
ဖြူစင်စွာပေးအပ်ပြီး
အထီးကျန်စွာတိုက်နေသော
ဆောင်းလေအေးရန်ကိုအံတုရန်
အဖိုးတန်ပိုးသားစောင်လေးအား
နှစ်ကိုယ်ပေါ်လွှားတင်ပြီး
နွေးနေအောင်ဖက်ကာအိပ်ပျော်သွားတော့သည်
~~~
မောင်..ထတော့☹
Honeyမျက်လုံးတွေနာနေတယ်
ဘာလို့လည်းမသိဘူး😭
ပြောလည်းပြောပြီးငိုချလိုက်သောအကောင်ပေါက်ကြောင့်ချက်ခြင်းပင်ထထိုင်လိုက်ရတော့သည်.ခြံထဲကိုမနေ့ကလမ်းလျှောက်ထွက်သေးတယ်မလား.ထီးမဆောင်းပဲထွက်တာပဲဖြစ်ရမယ်ကွာ
မျက်ရည်ပူတွေကျနေတာကိုး
နေရခက်နေမှာပဲမောင့်honeyရယ်
မျက်နှာသစ်ပြီးဆေးတိုက်မယ်နော်
အာ့ကြောင့်မျက်လုံးကိုလက်နဲမပွတ်နဲ့
ကြားလား.
ဟုတ်လို့ပြောပြီး
ရေချိုးခန်းဝင်ဖို့ထကာ
ခါးကိုကိုင်းကာခြေညောင်းလက်ဆန့်လုပ်ပြီး
ပြန်လှည့်ကြည့်တော့
ဆရာသမားက.အဝတ်စနဲ့မျက်လုံးကိုပွတ်နေသည်.
ဟာ..ဟိတ်..honey ji
မောင်ပြောနေတယ်လေဗျာ
မျက်လုံးကိုလက်နဲ့မပွတ်ပါနဲ့ဆိုနေကွာ
ပြောစကားလည်းနားမထောင်ဘူး
ဟင့်.မောင်ကလည်း.ငါ.လက်နဲ့မပွတ်ပါဘူး
အဝတ်နဲ့ပွတ်တာပါ.အီးဟီး😭
နာယိုးပဲ..နေရခက်တယ်
တကယ်တော့မနေ့ကခြံထဲဆင်းရင်း
အပင်ရေလောင်းနေသောဦးလေးဆီက
ပိုက်ယူကာ.ဖိနပ်ဗလာနဲ့မြက်ခင်းတွေပေါ်ဖြတ်လျှောက်ပြီး.ရေစိုအောင်နေခဲ့ခြင်းကြောင့်ဖြစ်သည်.နေပူတာကြောင့်ဖြစ်ပါလိမ့်မည်
မောင်သာရှိရင်ဖိနပ်သေး"လေးကို
လက်နှစ်ဖက်နဲ့ကိုင်ကာ.ခြေထောက်နာမယ်
သဲငယ်ရဲ့.မပူဘူးလား.ဆိုပြီးတဂျီဂျီလိုက်ပြောပြီးဖိနပ်စီးခိုင်းမှာအသေချာ
အခုတော့
မျက်လုံးတွေနာကာမျက်ရည်ပူတွေကျတာ
တကယ်ကိုနေရခက်ပါတယ်
မောင်ဆူတာကိုခံရတော့မှာပဲ
ကိုယ်ကအမှားလုပ်တာကိုးအဟင့်😞
ရေချိုးခန်းထဲကရေဇလုံတစ်ခုကိုသယ်လာကာ
အဝတ်စနုနုလေးနဲ့ပဲမျက်ဝန်းတစ်ဝိုက်ကို
သုတ်ပေးပြီး.ရေခဲတုံးလေးများပေါ်
တင်ထားသည့်ပဝါအေးလေးယူကာ
မျက်လုံးအိမ်ပေါ်တင်ပေးတော့
အကောင်ပေါက်လေးကထရယ်သည်
အအေးသိပ်ကြိုက်တဲ့ကောင်လေးက
မျက်ဝန်းအိမ်ပေါ်ကပုဝါကိုထိလိုက်.မ.လိုက်နဲ့
တခစ်ခစ်ရယ်နေပြန်တော့သည်
တကယ့်ကလေးလေး
ဒါတောင်သူကအကြီးဖြစ်နေပေလို့
မဟုတ်ရင်Jeonဘဝတော့မတွေးရဲစရာပါပဲ
ချစ်ခြင်းတစ်ခုမှာဘယ်သူကတော့အကြီးဖြစ်နေရင်အငယ်ကိုအလိုလိုက်ပြီးအမြဲနားလည်ပေးရမယ်အငယ်ဆိုလည်းအကြီးကိုရိုသေရမယ်
မပြောသင့်တာမပြောပဲလေး"စား"ဆက်ဆံရမယ်ဆိုတဲ့နိယာမကြီး.ကျွန်တော်တို့နှစ်ဦးသား
ကြားမရှိပါ
နားလည်မှုအပြန်အလှန်ပေးပြီး
ချစ်စရာရှိရင်ချစ်ပစ်လိုက်တာပါပဲ
အနာဂဏ်တွေ .အတိတ်တွေဆိုတာ
မရေးမကြီးပါဘူး
လက်ရှိအချိန်လေးအတွင်းမှာ
ချစ်မယ်.ရူး"မူးနမ်းမယ်.မျက်ဝန်းတောက်"လေးတွေနဲ့ငေးမောပြီး.Jeonဆိုတဲ့လူသားလေး
နှုတ်ခမ်းတွေကိုလည်းတစ်ဝကြီးနမ်းပစ်မယ်
အပူပင်မရှိတဲ့ဘဝကသိပ်အေးချမ်းပါတယ်
ဘဝတစ်ခုအေးချမ်းပျော်ရွှင်ဖို့ဆိုရင်
နားလည်မှုနဲ့တည်ဆောက်ရမှာပဲ
တစ်ဦးနဲ့တစ်ဦးချစ်နေရင်ပြီးပါတယ်
မောင်နဲ့တွေ့ဖို့ဖန်တီးပေးခဲ့တဲ့ကံတရားကိုလည်း
သိပ်ကျေးဇူးတင်တာပဲ
မောင့်ရဲ့လက်မောင်းတွေပေါ်ခေါင်းလေးတင်လိုက်.ဗိုက်ပေါ်ကကြွက်သားမာမာတွေကို
သွားနဲ့မထိတထိကိုက်လိုက်.ကိုင်ကြည့်လိုက်နဲ့
လုပ်နေရတာနဲ့ပဲပျော်ပါတယ်
ဆေးရုံကဆင်းတာနဲ့ဆိုင်တွေကိုပြန်ဦးစီးဖို့
လုပ်ထားပေမယ့်.အခုတော့နေမကောင်းရက်တွေ.ဆက်ကုန်ပြီထင်ပါရဲ့
Honey jiကမိဘတွေရဲ့အမွေနဲ့
ဆယ်သက်စားမကုန်တာသိပေမယ့်
စိတ်ပြေအောင်ဆိုင်လေးတွေဖွင့်ပြီး
အလုပ်ကလုပ်သေးတာပါကွာ
အမျိုးသားကအိမ်မှာပဲကျော့ကော့နေအောင်
ထားနိုင်လည်းဆိုင်ကိုသွားရမှ
ပျော်တာ.အိမ်ထဲမှာမနေချင်ဘူး
ယွကျလုပ်စာပဲထိုင်မစားချင်ဘူး
ဟုအမြဲပြန်ပြောလေ့ရှိသည်
ကျောက်မျက်ရတနာနဲ့ပန်းအလှဆင်လုပ်ငန်း
ကိုဆိုင်အကြီးကြီးတွေခွဲကာဖွင့်ထားသည်မှာ
သုံးဆိုင်ရှိသည်
ကျောက်မျက်ရတာနာဆိုတာထက်
ပင်လယ်ဘက်ပုလဲတွေနဲ့သာအလှဆင်ဖြစ်တာများသည်.
အဖိုးတန်ပန်းပွင့်များစွာကိုပုံကျစွာစည်းနှောင်ပြီး
ဒီဇိုင်းဆန်းပြီးတန်ဖိုးကြီးသည့်လက်ဝတ်ရတနာများနှင့်တွဲတာပန်းစည်းအဖြစ်ထုတ်ပိုးပေးသည့်
လုပ်ငန်းဖြစ်သည်
အလုပ်မှာပျော်နေသည်များကို
မြင်ရတော့လည်းဒီမောင်မှာ.ဘယ်လိုတားရက်ပါ့မလဲကွယ်
.honey ji လေးကိုထိခိုက်လာစေတာ
ဒီလုပ်ငန်းကစခြင်းဖြစ်သည်ကိုသာ
သိခဲ့ရင်ထိုနေ့ကအပြင်ကိုလွှတ်ခဲ့မည်မဟုတ်ပါ
မောင်လည်းညစာစားပွဲကထိုအမျိုးသမီး
လာတိုက်သည့်ဝိုင်ကိုလည်းသောက်ခဲ့မည်မဟုတ်ပါ
ကဲ.ပျင်းနေကြပြီမလား.အခါးလေးတွေ.သောက်လိုက်အုံးချစ်တို့ရေ🤡နောက်တစ်ပိုင်းကျရင်ပေါ့ကွာ
#CAC
#Mochi

Candy and  Cigarettes ᥫ᭡🍬🚭Where stories live. Discover now