4💭

199 25 8
                                    


ခဏအကြာ ရှောင်းကျန့် စိတ်ထင် သူ့
တင်ပါးနှင့် ကပ်လျက်ရှိနေသော တစ်ဖတ်လူ၏ မပြောပြအပ်သောနေရာမှာ တင်းမာလာသည်ဟု ခံစားရသောကြောင့်

"လွှတ်...လွှတ်ပါဦး..!"

ပြောရင်းနှင့်ပင်
ထိုမင်းသား ရင်ခွင်ထဲကနေ အတင်းရုန်းထွက်လိုက်ရသည်။

မျက်နှာ တစ်ခုလုံး တင်မက ရှောင်းကျန့်
နားဖျားတွေတင်ပါ ပူခြစ်နီရဲကာ ကြက်သီးတွေပါ ထ ကုန်တော့သည်။

*ငါ့..စိတ်ထင်လား..၊
တကယ်ကြီးလား... ၊
ဒါမှမဟုတ်.. သူ့ပင်ကိုယ်ကိုက အမျိုးအစားကြီးတာလား..၊
ဘာပဲပြောပြော ကျောချမ်းစရာကြီး၊
ပြီးတော့ တကယ် အမြင်ကပ်စရာကောင်းတယ်။*

"ဒါရိုက်တာ ရှောင်ရှောင်းကျန့်...!!"

ရှောင်းကျန့် သူ့နာမည်ကို အခေါ်ခံရအပြီး သူ့ဝတ်စုံလေးကို ဆွဲဆန့်ကာ နောက်က စူးစူးဝါးဝါးကြည့်နေသည့် မင်းသားဝမ်ရိပေါ်ကို မျက်စောင်းထိုးပစ်ခဲ့တော့သည်။

*ဟမ့်.. ငါ့များ ဘာမှတ်နေလဲ
ရှောင်းကျန့် တဲ့ တစ်ကျန့်ပဲ ရှိတယ် ။
လူကိုမလုပ်ရဲပေမယ့် မျက်စောင်းတော့ကောင်းကောင်း ထိုးတက်တယ်။
ပြီးတော့ ငါက  ဒါရိုက်တာ ၊
သူငယ်နှပ်စား မဟုတ်ဘူး ၊*

"ဟွန့်..!!"

နှုာမှုတ်သံ တစ်ချက်ပေးကာ ရှောင်းကျန့် ထိုနေရာကနေ ဓာတ်ပုံရိုက်သည့် နေရာသို့ ရောက်သွားတော့သည်။
ကျန်ခဲ့သည့် မင်းသားဝမ်ရိပေါ်ကတော့
ထိုဒါရိုက်တာဆိုသည့် ယုန်လိုလို ဘာလိုလိုသတ္တဝါလေးကို ကြည့်ရင်း မဲ့ပြုံးကြီးပြုံးလိုက်တော့သည်။

..~~...~~~...~~....~~~....~~~...~~~

ဝမ်ရိပေါ် ပွဲထဲ စရောက်တော့
သူ့မျက်လုံးထဲ အရင်ကြည့်မိတာက
ကျောပေးထားတဲ့ ပန်းရောင်ကောင်လေး...၊

ယောကျာ်း မိန်းမ မရွေး သူ့ကို အရူးအမူးဖြစ်နေတဲ့အချိန် ဂရုမစိုက်သလို တစ်ချက်မှ လှည့်မကြည့်သည့် ထိုပန်းရောင်လေးက ဝမ်ရိပေါ်ကို အနည်းငယ်တော့ မေးခွန်းထုတ်စေသည်။

"အဟိ.."

ပခုံးသေးသေးလေးက လှုပ်သွားကာ ရယ်သံခပ်တိုးတိုးလေးကို ဝမ်ရိပေါ် ဖြတ်ခနဲ ကြားလိုက်ရသည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Apr 26, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Actor &Director Donde viven las historias. Descúbrelo ahora