The Yellow : Him💛

378 30 13
                                    

Unicode Ver.

-The year 2000-

နေ့တစ်နေ့ရဲ့အစပိုင်းမှာ သာသာယာယာရှိနေတဲ့ နယ်မြို့လေးတစ်မြို့...

မြို့ပြရဲ့ဝေးရာမှာတည်ရှိတဲ့ မြို့လေးကအိမ်ခြေနည်းသည့်တိုင် ခေတ်မမှီသလိုခေတ်နောက်လဲမကျ၊ တောင်ကုန်းပေါ်မှာဟိုတစ်လုံး ဒီတစ်လုံးတည်ရှိနေကြတဲ့ အဖြူရောင်၊ အဝါနုရောင်၊ အပြာနုရောင်၊ အစိမ်းနုရောင်အိမ်လုံးလေးတွေက ဒီမြို့ရဲ့ဆွဲဆောင်မှုတစ်ခု...

မိုးလင်းလာတာနဲ့ပုံမှန်လည်ပတ်နေကျအတိုင်း တောင်ကုန်းနောက်ကထွက်လာတဲ့နေလုံးနဲ့အတူ လူရိပ်လေးတွေတစ်ရိပ်ရိပ်ထွက်ပေါ်လာတာကိုမြင်ယောင်ကြည့်ရင် တကယ်စိတ်ချမ်းမြေ့ဖွယ်...

လူတွေမှာသတ်မှတ်ချက်စံနှုန်းတွေကွဲပြားကြပေမယ့် ထယ်ရယ်ရဲ့မနိမ့်လွန်းမမြင့်လွန်းစံနှုန်းအနေနဲ့တော့ ဒီမြို့လေးကတစ်ဘဝလုံးမြှုပ်နှံလိုက်ဖို့ထိ သာယာလွန်းပါတယ်

ကားအင်ဂျင်သံတွေမရှိတဲ့ ဒီမြို့လေးမှာ ထယ်ရယ်ကမနက်တိုင်းကျောင်းမသွားခင် စက်ဘီးလေးတစ်စီးနဲ့ သတင်းစာလိုက်ပို့ပေးတဲ့အချိန်ပိုင်းအလုပ်လေးကိုလုပ်လေ့ရှိသည်၊
ဘုရားသခင်ကကောင်းချီးပေးထားတဲ့ အပြုံးလှလှလေးနဲ့ပါးချိုင့်လေးပါပေါ်အောင်ပြုံးပြရတာကတော့ ထယ်ရယ်ရဲ့အပိုဝန်ဆောင်မှု။

မနက်ခင်းမှာ မျက်နှာကိုလာရိုက်ခတ်နေတဲ့လေပြေလေးတွေကဘယ်လောက်တောင်မှ စိတ်ကြည်စေလိုက်သလဲ

လူနေသိပ်မများတာမို့ မြို့သူမြို့သားတွေကတစ်ယောက်နဲ့တစ်ယောက်မှတ်မိကြသည်။ မနက်ခင်းတိုင်း ဟိုဘက်အိမ်ဒီဘက်အိမ်လှမ်းနှုတ်ဆတ်ကြလေ့ရှိပြီး ပကာသနမပါတဲ့မနက်ခင်းတွေကိုစတင်လေ့ရှိကြတယ်

ဂင်ထယ်ရယ်ဟာ လူတိုင်းရဲ့အချစ်ခံလေးဖြစ်ပေဦးတော့ လူကြောက်တက်တဲ့ဉာဥ်လေးကြောင့် လူစိမ်းတွေကိုစကားပြောရာမှာတော့ရှောင်ပြေးတက်သည်

အခုလည်းထယ်ရယ် ဘာအကြောင်းပြချက်မှရေရေရာရာမရှိ၊ လူတွေနဲ့ဝေးရာမှာနေချင်တာနဲ့ပဲ သူလာနေကြနေရာဖြစ်တဲ့ မြို့အပြင် ပန်းခင်းထဲကသစ်ပင်ကြီးအောက်မှာလာထိုင်နေမိသည်

Junhyeon, the Promised Soul of Taeraeحيث تعيش القصص. اكتشف الآن