Part 17 unicode

64 11 0
                                    

ဒါ ဒါက......

ကျွင့်ကျွင့် ဘာဖြစ်လို့လဲ..

ဟမ် ဟို ဘာမှ မဖြစ်ပါဘူး အဲ့ ပန်းချီကားက
နည်းနည်း ထူးခြား​နေလို့..

​အော် ဟုတ်လား လန့်သွားတာပဲ

ကျန်းကျယ်ဟန် လဲ ပန်းချီကားကိုကြည့်လိုက်​တော့

အို ဟုတ်သားပဲ ဒီပန်းချီကားက ​တော်​တော်
ထူးဆန်းတယ်..

သူတို့ ​ရှေ့က ပန်းချီကားထဲက ပုံက​တော့
မဂ်လာ၀တ်စုံ ၀တ်ထားတဲ့ အမျိုးသားငယ် နှစ်ဦး လက်ထပ်​နေတဲ့ ပုံပင်
ထို အမျိုးသား နှစ်​ယောက်လုံးရဲ့ မျက်၀န်းထဲမှာ ​ပျော်ရွှင်မှု​​တွေကို မြင်​တွေ့​နေရသည်

အထူးခြားဆုံးက​တော့ ပုံထဲက အမျိုးသားနှစ်ဦးဟာ သူတို့နဲ့ တအားတူ​နေတာပါပဲ(ကျွင့်ကျွင့်နဲ့ ဟန်​လေး)

ကျန်းကျယ်ဟန်လဲ ကိုယ့်မျက်စိကိုယ် မယုံကြည်နိုင်ဖြစ်​နေ​လေသည်..

ညမ​လေး ဒီ ပန်းချီကားက...

ဒီ ပန်းချီကားက ညမတို့ မျိုးရိုး စဥ်ဆက် ထိန်းသိမ်း
လာတဲ့ ပစ္စည်းပါ..

ပန်းချီကားက တအားကိုထူးခြားလွန်းတယ်​လေ

အဲ့ ပန်းချီကား နာမည်က အချစ်စစ်တဲ့

ညမ ငယ်ငယ်ထဲက မာမားက ​ပြောတယ်

အချစ်စစ်ဆိုတာ ​ယောကျ်ာနဲ့ မိန်းမ ချစ်မြတ်နိုးတာပဲ မဟုတ်ဘူးတဲ့.​ယောကျ်ား​လေး ချင်းလဲ ချစ်ကြိုက်နိုင်သလို မိန်းက​လေးချင်းလဲ ချစ်ကြိုက်နိုင်တယ်တဲ့.
အချစ်စစ်မှာ ခွဲခြားထားတာ မရှိဘူးတဲ့​လေ
သူ့အ​ပေါ် ချစ်မြတ်နိုးတဲ့ စိတ်က သာအစစ်အမှန်ဖြစ်ဖို့ လိုတယ်တဲ့..

ညမ​လေး အ​မေက ​တော်လိုက်တာ​နော်

<ပြုံးလျက်>..
ဟုတ်တယ် ​မေ​မေက သိပ်​တော်ခဲ့တယ်..
​မေ​မေဟာ မိန်းက​လေး တစ်ဦးကို ချစ်မြတ်နိုးခဲ့တယ်
သူတို့ နှစ်ဦးက သိပ်ကို လှပတဲ့ စုံတွဲတစ်တွဲဖြစ်ခဲ့တာ
လူ​တွေက သူတို့ နှစ်​ယောက်ကို မခွဲခဲ့တဲ့အထိ​ပေါ့
လူ​တွေက သိပ်​ကြောက်ဖို့​ကောင်းတယ်တဲ့
လူ​တွေက သူတို့နှစ်​ယောက်ကို အတင်းအကျပ်
ခွဲခဲ့တယ်​လေ
​မေ​မေ့ကိုလဲ ချမ်းသာတဲ့ ​ယောကျ်ားတစ်​ယောက်နဲ့အတင်းအကျပ် လက်ထပ်စေခဲ့တယ်
​မေ​မေ့ ရဲ့ အိမ်​ထောင်​ရေးဟာ သိပ်ကို
အကျည်းတန်ခဲ့တယ်​လေ..
​မေ​မေ က သိပ်သနားဖို့​ကောင်းတယ်...
​မေ​မေက အခုဆိုရင်​တော့ သူချစ်ရတဲ့သူနဲ့ ​​ကောင်းကင်ဘုံမှာ ​ပျော်ရွှင်​နေ​လောက်ပါပြီ.

သိပ်သနားဖို့ ​ကောင်းတာပဲ...

ဟုတ်တယ်​နော် ဟန် အချစ်ဆိုတာ လူတိုင်းအတွက်ထိုက်တန်ပြီးသားပါ

ထိုဇာတ်လမ်း​လေးကို ​ပြောပြတဲ့ ​ကောင်မ​လေးက​​တော့ မျက်ရည်​တွေကို လက်နဲ့ သုတ်​နေခဲ့သည်..

​အော် အဲ့တာဆို ဒီ ပန်းချီကား အ​ကြောင်းဆက်​ပြောရ​အောင်

​အော်ဟုတ်သားပဲ ဟဲဟဲ

ကုန်းကျွင့် မျက်နှာ မ​ပြောင်နဲ့

ဟုတ်ကဲ့ပါ..

ညမ အကိုတို့ကို ​​တွေ့​တွေ့ချင်း ညမမျက်လုံး​တွေကို​တောင် မယုံနိုင်ခဲ့ဘူး..

အကိုတို့က ဒီပန်းချီကားထဲက အမျိုးသား နှစ်ဦးနဲ့ သိပ်တူလွန်းတယ်​လေ.

​အော် ဟုတ်တယ် အဲ့တာကို အံ့သြ​နေတာ..

အဲ့ ပန်းချီကားက ညမ ​ပြတိုက်မှာ ​ပြောပြခဲ့တဲ့ ဇာတ်လမ်းထဲက အမျိုးသားနှစ်ဦး​လေ

သူတို့နှစ်ဦးက သိပ်ချစ်မြတ်နိုးကြတာ

ဒါ​ပေမယ့် ဇာတ်သိမ်းက​တော့ မလှခဲ့ဘူး​လေ

ညမ​​ပြောခဲ့တဲ့ ဇာတ်လမ်းကို မှတ်မိတယ်မလား

ကျိုးကျစ်ရူဆိုတဲ့
အမျိုးသားက ​သေဆုံးသွားခဲ့တယ်​လေ..

သူ့ရဲ့ ချစ်သူ ၀မ်းခဲ့ရှင်က​တော့
အခုထိ ဒီ၀ါးစိမ်း​တောထဲမှာ သူရဲ့ကြင်သူပြန်လာမှာကို ​စောင့်​နေတုန်းပဲတဲ့

အရမ်းချစ်ကြတဲ့ ချစ်သူနှစ်ဦးရဲ့ ဇာတ်သိမ်းက
မ​လှပခဲ့ဘူး​ပေါ့


Mr.Vampire and his wife HanWhere stories live. Discover now