တောက်!!! ''တော်တော်မိုက်ရိုင်းလိုက်ကြတာကွာ''
''ဒယ်ဒီစိတ်ကိုလျော့...သမီးတို့နည်းလမ်းတခုခုရှိအုန်းမှာပါ....သမီးတိူ့အစီအစဥ်ပျက်ရတာဟိုမိန်းမကြောင့်...အဲမိန်းမကိုသာရှင်းပစ်နိုင်ရင်အားလုံးအဆင်ပြေသွားမယ်''
''ပန်းခေတ်ပျိုကိုလားသမီး.....''
''သိပ်ဟုတ်တာပေါ့ဒယ်ဒီ.....ကိုကို့နားမှာရှိနေတာဆိုလို့အဲမိန်းမတစ်ယောက်ဘဲ...သူရှိနေလို့ကိုကိုကသမီးကိုလက်မခံတာအဲမိန်းမကိုအရင်ရှင်းပစ်ရမယ်....''
ဦးနေခမ်ဗီလိန်အပြံုးဖြင့်ပြုံးကာ
''သမီးအစီအစဥ်ကိုဒယ်ဒီသဘောကျတယ်....
ဘယ်တော့လောက်အစီအစဥ်စမှာလဲ..''''ကြာကြာထားထားရင်ကိုကို့ကိုအဲမိန်းမအပိုင်ကြံသွားလိမ့်မယ်....ဒီတော့နက်ဖြန်ဘဲအစီအစဥ်စတာပေါ့သမီးမဟာနတ်ထရာစံအိမ်မှာသွားနေမယ်..''
#ပန်းခေတ်ပျိုနင့်ကိုကိုကို့အနားကနေဘယ်လိုမောင်းထုတ်မလဲဆိုတာစောင့်ကြည့်လိုက်.....
မဟာနတ်ထရာစံအိမ်တော်...
ခွမ်း!!
ပန်းကန်ကွဲသံကြောင့်ထမင်းချက်ဒေါ်မေတစ်ယောက်ထမင်းစားခန်းအတွင်း၀င်လာခဲ့သည်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလန့်တကြားအော်တော့သည်။ပန်းကန်ကွဲစများမှာအောက်ကိုပြန့်ကျဲနေပြီတချို့မှာပန်းခေတ်ပျိုရဲ့ခြေထောက်မှာစိုက်၀င်နေလေသည်။
''သခင်လေးမြတ်.!!အမလေးသမီးပျို..ဘယ်လိုဖြစ်ကြတာလဲ...''
''ဘာတွေဖြစ်နေတာလဲမောင်လေး!!ဟယ်ညီမ..ခြေထောက်မှာသွေးတွေနဲ့လာလာမမဆေးထည့်ပေးမယ်....''
''ပန်းခေတ်ပျိုငါ့မင်းကိုသတိပေးလိုက်မယ်နောက်တခါငါ့အနားကိုမင်းမလာခဲ့နဲ့ငါနဲ့အ၀ေးမှာမင်းနေငါကိုမနက်စာပြင်ပေးစရာမလိုဘူးဒေါ်မေတစ်ယောက်လုံးရှိတယ်....''
''လော်ကေ့ငါနင့်ကိုအနိိုင်ကျင့်ထားမိလို့နင်အခုလိုလုပ်တယ်ဆိုတာငါသိပါတယ်ဟာဒါပေမယ့််နင့်အနားကနေငါ့ကိုထွက်မသွားခိုင်းပါနဲ့....ငါတောင်းပန်ပါတယ်ဟာနော်....''
YOU ARE READING
You Are My Doll (or) ချစ်ခြင်းဖြင့်ချည်နှောင်သောအမုန်း
Romanceနာကျင်မှုကနေမုန်းတီးမှုဆီကျရောက်လာခဲ့မယ်ဆိုရင် ပူလောင်လွန်းတဲ့လက်စားချေမှုတွေဖြစ်ပေါ်လာလိမ့်မယ် လက်စားချေမှုကြားကဖြစ်ပေါ်လာမယ့်ချစ်ခြင်းတွေဟာ တကယ်ရောအေးမြခြင်းကိုဖန်တီးနိုင်ပါ့မလား...... လူ၂ယောက်ကြားကမုန်းတီမှုတွေကတကယ်ရောအေးမြသောအချစ်တွေကြောင့်ပျောက...