Dear Cupid,

1.5K 100 18
                                    

Ricky ထွက်ပြေးချင်နေသည်။

စိတ်ပြေပျောက်အောင် Bar ကိုလာပါတယ်ဆိုမှ မတွေ့ချင်ဆုံးလူနဲ့ တည့်တည့်ကြီးတိုးရုံတင်မက မျက်နှာချင်းဆိုင်ထိုင်နေရတာဖြစ်သည်။

"Ricky ငြိမ်လှချည်လား ခုထိတစ်ခွက်တောင်မကုန်သေးဘူး"

Hao Hyung ကပါပြောလာတာမို့ ဟန်ပြအနေနဲ့ Whisky တစ်ခွက်ကိုအကုန်မော့ချလိုက်ရသည်။

လည်ပင်းထဲဆူးကနဲဖြစ်သွားတဲ့ခံစားချက်ကိုတကယ်သဘောမကျ။ သူလိုလူက Wine ကဲ့သို့ ခပ်ပျော့ပျော့တွေနဲ့သာအဆင်ပြေတာဖြစ်သည်။

"မတွေ့ရတာကြာလို့ ခေါ်တွေ့ပါတယ်ဆို မင်းတို့ကကျောက်ရုပ်ကြီးလို ထိုင်မနေကြနဲ့လေကွာ နည်းနည်းပါးပါးတော့ စကားလေးပြောအုံးမှပေါ့"

Jiwoong Hyung ကဘာစိတ်ကူးပေါက်လဲတော့မသိ။ ကျောင်းတုန်းကခင်ခဲ့တဲ့ သူတို့တွေကိုပြန်တွေ့ချင်ပါတယ်ဆိုလို့ 12 ယောက်သား လာစုနေရတာဖြစ်သည်။

မျက်နှာချင်းဆိုင်ကလူနဲ့ မျက်လုံးချင်းမဆုံစေဖို့အတွက် ညာဘက်ကိုလှည့်ကြည့်လိုက်တော့ Hao Hyung နဲ့သူ့ကောင်လေး ထီယယ်ထီယယ်လုပ်နေတာကိုမြင်ရ၏။

နှာခေါင်းတစ်ချက်ရှုံ့လိုက်မိတာ အရမ်းသိသာသွားလားတော့မသိ။ ရှေ့ကလူဆီမှခပ်အုပ်အုပ်ရယ်သံတစ်ခုထွက်လာသည်။

မသိချင်ယောင်ဆောင်ရင်း Dance Floor ဘက်ကိုအကြည့်ပို့မိတော့ လက်ကိုင်ပြီးအကြည်စိုက်နေတဲ့ Kim Gyuvin တို့အတွဲနဲ့ ဆုံပြန်သည်။

"Ricky ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"

"အချစ်နံ့တွေနံလို့"

Jiwoong Hyung ပုခုံးပေါ်ကိုခေါင်းမှီချရင်း ဂျစ်တစ်တစ်ပြောတဲ့အခါ Hyung ကအသာရယ်ရင်း သူ့အဖြူရောင်ဆံပင်တွေကိုပွတ်သပ်ပေးလာခဲ့၏။

နေလို့ကောင်းတာမို့ Hyung ပုခုံးကို ကြောင်လေးလိုပွတ်သပ်ရင်း မျက်လုံးတွေပါမှိတ်ချလိုက်တဲ့အခါ မမြင်ရပင်မယ့် ခပ်တင်းတင်းဖြစ်သွားမယ့် အရှေ့ကလူရဲ့မျက်နှာကို သူခံစားမိပါသေးသည်။

"ဟေ့ကောင် Bar လာပြီးအိပ်မနေနဲ့ အိပ်ချင်ရင်အိမ်ပြန်"

အနားရောက်လာတဲ့ Kuan Jui ကလက်မောင်းကိုဖြတ်ကနဲရိုက်ပြီးပြောတာမို့ သူမျက်စောင်းတစ်ချက်ထိုးရင်း ခါးကိုပြန်မတ်ထိုင်လိုက်ရသည်။

Dear Cupid,Where stories live. Discover now