Epi 28: Protecter

2K 182 36
                                    

(🆉)

"ဘေဘီ မငိုနဲ့တော့နော် အဆင်ပြေသွားမှာ မနက်စာစားဖို့လူစုံနေလောက်ပြီ "

"Daddyကို ပြောပြလိုက်ရင် ဘယ်လိုလုပ်မလဲဟင် ထယ်ထယ်ကြောက်တယ် Daddyက ခွဲမှာ ကုကီနဲ့ ထယ်ထယ်မခွဲနိုင်ဘူး "

"ကုကီလည်း မခွဲနိုင်ပါဘူး ညီငယ်လေးတွေက အဲ့လောက်ထိ မယုတ်မာပါဘူး စိတ်မပူနဲ့ သိလား"

ထယ်ယောင်းကို အတင်းချော့မော့ပြောပြီး အိမ်အောက်ထပ်သို့ခေါ်လာခဲ့ရသည် ။

"ဟင်! "

ထမင်းစားဝိုင်းတွင် ထိုင်နေကြသည့် အငယ်နှစ်ကောင် ။

ထယ်ယောင်း မျက်လုံးပြူးပြီး အပေါ်ပြန်တက်ရန်လုပ်တော့သည် ။

"အဲ့ သူတောင်းစားနှစ်ကောင် ငါ့ကို ငါ့ကို "

ငါ့ကိုရှက်အောင်လုပ်နေတာ ။

ထယ်ယောင်း ရှက်လည်းရှက်သွားသလို စိတ်ကလည်းတိုသေး ။

စောစောငိုနေတဲ့စိတ်ကလေးတောင်ပျောက်သွားတယ် ။ နှုတ်ခမ်းကိုစူပုပ်ကာ ဂျောင်ကုလက်ကို ရဲရဲဆွဲလိုက်ပြီး ထမင်းဝိုင်းထဲ ဆောင့်အောင့်ကာ ဝင်ထိုင်လိုက်သည့် ထယ်ယောင်း။

"အဆင်ပြေရဲ့လား ထိုင်ရတာ တစ်နေရာရာက မနာဘူးလား ကိုကိုထယ် "

ဂျွန်ဂျောင်ကုညီအစုတ်ပလုတ် ။ ဒါပထမဆုံး အဲ့ကလေးနှစ်ယောက်ကို သောက်မြင်ကပ်ခြင်းပင် ။

"မင်းတို့နှစ်ယောက်ကကော ထမင်းအတူတူအစောကြီးစားနေကြပါလား တွဲနေကြပြီလား "

"ဟုတ်ပါရဲ့ ခါတိုင်း ဒီလိုခေါ်ဖို့တောင် အတင်းခေါ်ရတာကို "

မေမေဂျွန်က ပန်းကန်ချပေးရင်း ပြောတော့ ထယ်ယောင်းမဲ့ပြုံးပြုံးလိုက်သည် ။

ဟမ့်...ကင်မ်ထယ်ယောင်းကို လာကြောချင်သေးတယ် ။

"ကိုကို မဟုတ်တာမပြောနဲ့ ရယ်ရယ်က ဘာလို့ စိတ်ပုပ်နဲ့တွဲရမှာတုန်း "

"အောင်မှာ အောင်မှာ ငါကလည်း မင်းလိုဂျပုကောင်နဲ့မတွဲချင်ပါဘူးနော် "

"ရန်ဖြစ်တော့မယ်ဆိုရင် 5000ပေးရမှာနော် သိတယ်မလား "

မေမေဂျွန်ကပြောတော့ နှစ်ယောက်သား တိတ်သွားကြသည်။

Love Was 'He'Where stories live. Discover now