"နိုးပြီလား တွယ်"
"ဟင်..ဘယ်သူ"
တံခါးဘေးနားတွင် ရပ်နေသော အမျိုးသမီး၁ဦး၊
နံ့သာရောင် မြန်မာအင်္ကျီ နှင့် ကျက်သရေရှိလို့
နေလေသည်။သူမ၏ လှပမှုသည်ကာ စာဖွဲ့လို့ပက်မကုန်နိုင်ပါ၊
ပိတုန်းရောင်ဆံကေသာ၊ မြန်မာ အင်္ကျီ ၊
နီးဆွေးသော နှုတ်ခမ်းသား ၊ နှာတံသွယ်သွယ်၊
စသည်တို့သည် သူမ၏အလှကို ပိုမို လှပအောင်
ဆောင်ရွက်လို့နေလေသည်။"ကြည့်လို့ ၀ ပြီလား တွယ် "
"မ၀သေး..၊ဘယ်သူက ကြည့်နေလို့လဲ"
အရှက်ကွဲမည်ကိုတော့ တွယ်ငြိရာ မခံ၀ံပါ၊
အခုမှတွေ့ရသောအမျိုးသမီးကို ထိုသို့ကြည့်နေမိ
သည်ကိုပင် တော်တော်လွန်နေပြီ။"ဘယ်သူလဲ"
"နန်းမြိုင်မဟာ ၊ မင်းရဲ့အနာဂတ် ပိုင်ရှင် ၊
အတိတ်ပါမေ့သွားပြီလား တွယ်ငြိရာ ""ရှင် "
"အရမ်းတွေ ယဥ်ကျေးနေပါလား"
တွယ်ငြိရာ ဘာမှပြန်မဖြေတော့ ယဥ်ကျေး တော့
ဘာဖြစ်လဲ။ အရင်တုန်းကလည်း တွယ်ငြိရာ က
မသိသောသူတွေနဲ့ဆို ယဥ်ကျေးသည်လေ။"ငါသွားပြီ တွယ်"
ခေါင်းသာ တချက်ငုတ်ပြလိုက်ပြီး ကျန်တာတော့
ဘာမှ ပြန်မပြောတော့ ပြောလည်းမထူး။"ဒုန်း!!"
ကျွန်းတံခါးထံမှ ကျယ်လောင်စွာ ထွက်လာသည့်
အသံ၊ နန်းမြိုင်မဟာ အခန်းပြင်သို့ ထွက်သွားပြီ
ထင်သည်။"အပြင်ကို ထွက်ကြည့်ရမလား၊နေပါဦး
ပြတင်းပေါက် အရင်ကြည့်တာပေါ့ "ပြတင်းပေါက်သို့ ကြည့်လိုက်တော့ တွယ်ငြိရာ
ကို အံ့အားသင့်စရာ ၁ခု ဆီးကြိုနေလေ၏။"အဲ့အိမ်က ငါ့အိမ် မဟုတ်ဘူးလာ၊ ဒါဆိုဒီအိမ်က
ငါတို့ အိမ်ရှေ့က အိမ်အိုကြီးပေါ့"တွယ်ငြိရာ ကိုယ့်မျက်လုံးကို ကိုယ်ပြန်မယုံချင်တော့။
"ဒါဆို အခုငါ ဒီအိမ်ကြီး သမိုင်းကို သိရတော့
မှာပေါ့ "။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
Naung Yate Han
(နှောင်းရိပ်ဟန်)အရင်၁ပိုင်းထက်တော့ ပိုရှည်လာပါတယ်။
အဲ့လိုတိုတိုလေး ရေးရခြင်းအကြောင်းအရင်းက
နှောင်းရိပ်ဟန် ရဲ့ficလေးကို ပိုပြီးဖတ်ခြင်စိတ်
တိုးလာအောင်ပါ။နောက်၁ပိုင်းကျ ဒီထက်ပိုရှည်မှာပါ။
အမှားရှိရင် ဝေဖန်နိုင်ပါတယ်နော်။
![](https://img.wattpad.com/cover/338337005-288-k328211.jpg)
YOU ARE READING
သို့ အသက်ထပ်သမျှ ချစ်ရပါသော တွယ်
Poetryထိုအမျိုးသမီးလေးကို ချစ်ခဲ့မိတာဟာ ဒီခေတ်မှာတော့ ကြီးမားေသာမှားယွင်းမှု ဖြစ်ခဲ့လေသလော။