အပိုင်း ၁

43 0 0
                                    

အိမ်မက်...ထိုအရာက လူတိုင်းနှင့်ရင်းနှိးလိမ့်မည်
ဟုထင်ပါသည်။

အဓိပ္ပာယ် နက်နက်နဲနဲ ရှိ​သော အိမ်မက်များ​ရော
အဓိပ္ပာယ် လုံး၀ မရှိ​သော အိမ်မက်များ​ရောရှိသည်။

"သမီးတွယ်...ထ​တော့​​လေ"

"ဟုတ် ကြီးကြီး"

"ပြီးရင် ဆင်းလာခဲ့​နော်"

တွယ်​ ပြုံးပြလိုက်သည်။
ထိုအပြုံးသည်လုံးဝ အသက်မပါ။

"ဟုတ်ပြီ"

ထိုအမျိုးသမီး​၏စကားအဆုံးတွင် တွယ်.. ပြတင်​ပေါက်ကို ငေးကြည့်လိုက်မိသည်။

ပြတင်း​ပေါက်က နေ​ရောင်ခြည်များ က
မျက်နှာ ပေါ် နူးနူးညံ့ညံ့ ကျ​ရောက်လာသည်။

"ဟူးးးးး"

သက်ပြင်းတစ်ချက် ချကာ မျက်နှာသစ်ဖို့လုပ်​တော့
သည်။

(Time skip)

မျက်နှာသစ်အပြီးတွင် တွယ် အောက်သို့ ဆင်း
လာသည်။

လှေကားထစ် တစ်ဝက် အ​ရောက် တွယ်ငြိရာ
ခြေ​ချော်သွားသည်။

"ဒုန်း!"

တွယ်သိသည် သူ​တော့ ၁ခုခု  ဖြစ်​တော့မည်ဆိုတာ။

ငယ်ငယ်ရွယ်ရွယ် နှင့်ဒီလို ဖြစ်လို့ တွယ်ငြိရာ
စိတ်မပျက်မိဘာ။

ပို​တောင်​ပျော်မိသည်၊စိတ်ပျက်စရာ​ကောင်းလှ​သော
ဒီဘဝ ကြီးထဲ ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားလို့
၀မ်း​​တောင်သာရအုံးမည်။

"တွယ်.."

မှောင်မဲ နေ​သော နေရာတွင် နူးညံ့သော
အသံ ငယ်သည် နားထဲသို့ ဝင်​ရောက်လာသည်။

ဒီ​မှောင်မဲ​နေ​သော​နေရာတွင် မည်သူရှိသနည်း။
သိချင်မိပါသည်။
ဘယ်လိုများ သူသည်လဲ ဒီအခန်းထဲ ရောက်လာသနည်း။ 

ရုတ်တရက် တွယ် ကိုယ့်ကိုယ်ကို ထိန်းချုပ်နိုင်သလိုခံစားမိလာသည်။

"တွယ်!"

ထိုအသံအဆုံး ခေါင်းထဲတွင်မျက်ကနဲ တစ်ချက်ဖြစ်သွား၏။
ဒီ တခါတွင်​တော့ အ​မှောင်ထုထဲတွင် တောင့်​တောင့်ကြီး မဖြစ်​တော့ဘဲ စတင်လှုပ်ရှား နိုင်လာ၏။ 

တွယ့်မျက်လုံး​ပေါ်တွင် နေ​ရောင်ခြည်ခက်စူးစူး
  က နူးညံ့စွာကျ​ရောက်လာသည်။

" တွယ်... "

ဒီ၁ခါမှာ​တော့ ထိုအသံသည်ကာ ခပ်တိုးတိုးသာ
ကြားရ​တော့သည်။

ထို​နောက်တံခါး ပိတ်သံ အကျယ်ကြီးကြားရမိသည်။

" ဒုန်း "

ထိုမှသာ တွယ် မျက်လုံးဖွင့်မိသည်။

" ဘာ​တွေပါလိမ့် "

တွယ်နိုးလာသည်နှင့် ဘေးဘီကိုစူးစမ်း ပြီးကြည့်သည်။
အရာအားလုံးမှာပြည့်စုံ​နေ​သောလည်း တခုသာ တွယ်
နှင့်ထူးဆန်း​၏။

အရာ၀တ္ထူအကုန်လုံးမှာ ၁၉၈၆ လောက်က ပစ္စည်းများသာဖြစ်၏။

" ဘယ်လို​တွေဖြစ်ကုန်တာလဲ " 

ထို​နောက် နံရံ​ပေါ်သိုမျက်လုံးက ကျ​ရောက်မိသွားရာ
တွယ်ငြိရာ လန့်သွားသည်။

ဓါတ်ပုံ တစ်ချပ်၊ တွယ်ငြိရာပုံကိုမှ အဖြူ​​ရောင် ရင်ဖုံး
နှင့် ထမိန် ကို ရိုးရိုးယဥ်ယဥ်  ဖြင့်၀တ်ဆင်ထား၏။

ထိုဓါတ်ပုံက အလွန်ညှိ့ငင် နိုင်သည်ဟုထင်သည်။
ထိုဓါတ်ပုံပေါ်ကျ​ရောက်​နေ​သော တွယ်ငြိရာ မျက်၀န်းများသည် လုံး၀ ထိုဓါတ်ပုံ ပေါ် ကခွာလို့မရ​​တော့။

" တခုခု​တော့မှား​နေပြီ ထင်ပါရဲ့  "

                     ‐-----------------------------
                                  နှောင်းရိပ်ဟန်
                           (Naung Yate Han )

အရမ်းတိုသွားမှန်း​တော့ နှောင်းရိပ်ဟန် ကျွန်မ သိပါတယ်

၁ပိုင်းထပ် ၁ပိုင်း ပိုပိုရှည်လာမှာပါ

စစချင်းတုန်းက​တော့ ဒီoc ကိုမ​ရေးရင်​ကောင်းမလားလို့​ပေါ့

ဒါ​ပေမဲ့ သူငယ်ချင်း၁​ယောက်က​ပြောတယ်

" နှောင်းရိပ်​ ရေ... နင်ဒီ​လောက် one short တွေ၊
   စာတို​တွေ​ရေးတာ တော်​နေတာ၊ fictionနဲ့ ocတွေ
   စမ်း​ ရေးကြည့်ပါလား၊ အခုchannel မှာ​ နင်​           ရေးထား တဲ့ one short အဲ့​လောက် ဖတ်ရတာ​ကောင်းတာ အဲ့ one short ကို oc အဖြစ်​ရေးကြည့်ပါလာ "တဲ့

အဲ့​စကား ၁ခွန်း က နှောင်းရိပ် ဖို့   အား ဖြစ်ခဲ့ရပါတယ်

ဒါ​ကြောင့်လည်းဒီoc ကို​ရေးဖြစ်ခဲ့တာပါ

အမှားပါသွားရင်လည်း နှောင်းရိပ်

telegram acc - Loyalk

Tiktok acc - NaungYateHan

Facebook  acc - Naung Yate Han

Instargram acc - yuna_is_bad45

Wattpad က dm မှာပဲ ဖြစ်ဖြစ်အမှားကိုလာ​ထောက်ပြနိုင်ပါတယ်​နော်

                  လေးစားစွာဖြင့်
နှောင်းရိပ်ဟန်

သို့ အသက်ထပ်သမျှ ချစ်ရပါ​​သော တွယ်  Where stories live. Discover now