နေ့တိုင်း ပတ်ဆောင်ဟွန်းကို မြင်နေရတာလည်းဆောနူး အတွက် ခက်ခဲမှုကြီးတစ်ခုပင်။ သူအရမ်းပြင်းပြင်းထန်ထန်စိတ်ဆိုးသွားတာသိလို့ အနီးအနားထိရောက်မလာပေမယ့် ဝေးဝေးကနေလည်း ကောင်းကောင်းကြီးဒုက္ခပေးနေသေးတယ်။
နေ့လယ်ခင်း ဆောနူး ပန်းပင်တွေ ရေလောင်းရင် မယောင်မလည်နဲ့ ြခံစည်းရိုးနားရောက်လာပြီး ပြောချင်ရာတွေ ပြောတော့တာပဲ။
သူပြောချင်ရာတွေပြောပေမယ့် ဆောနူးက သူ့ကို သေလူလိုသဘောထား ထားတယ်။ ပတ်ဆောင်ဟွန်းခြံထဲထိဝင်လာပြီး သူ့ကိုဆွဲလားရမ်းလာမလုပ်မချင်းအပြီးအပိုင်လျစ်လျူရှုထားလိုက်တယ်။
ဒါပေမယ့် ပတ်ဆောင်ဟွန်းကလည်း နည်းနည်းမှလက်မလျှော့ဘူး။ ဘယ်လောက်ထိကြိုးစားသလဲဆိုရင် ဆောနူးသွားနေကျ library အထိပါလာခဲ့တာလေ။
ဆောနူးဖေဖေက လိုက်ပို့ဖို့ပြင်နေတုန်းမှာ အရမ်းကိုရိုးသားကြိုးစားတဲ့ကောင်လေးတစ်ယောက်အသွင်ကိုယူပြီး ဆောနူးကို library လိုက်ပို့ဖို့ ဇွတ်စီစဥ်တယ်။ ေဆာနူးခမျာလည်း ေဖဖေ့ရှေ့မို့ ဘာမှမပြောနိုင်ဘဲ ပတ်ဆောင်ဟွန်းရဲ့ scooter နောက်ကနေ ပါသွားရတယ်။
library ထဲမှာ ဘာအသံမှတော့ မထွက်ပေမယ့် laptop နဲ့ ငြိမ်ငြိမ်လေး အိမ်စာလုပ်နေတဲ့ ေဆာနူးကို မျက်နှာချင်းဆိုင်မှာထိုင်ပြီး ပေါက်ထွက်မတတ်စိုက်ကြည့်နေတယ်။ ေဆာနူးလည်း အစပိုင်း လျစ်လျူရှုထားပေမယ့် တဖြေးဖြေးနဲ့နေရခက်လာတယ်။
ဘာလို့ဆို ကွင်းထိုးဖိနပ်ထဲကနေထိုးထွက် ဆောနူးရဲ့ ခြေချောင်းလေးတွေကို သူ့ခြေချောင်းတွေနဲ့ လိုက်ပွတ်သပ်နေတာလေ။ ဆောနူးက အစပိုင်းသည်းခံနေပေမယ့် ထိန်းမရတော့တဲ့အခါမှာ တစ်ချက်ဆောင့်နင်းလိုက်တာပဲ။
နာသွားမှာသေချာပေမယ့် ပတ်ဆောင်ဟွန်းက အရမ်းကိုသဘောကျနေတော့တာ။ ခေါင်းကိုငုံ့ထားပြီး အူလှိုက်သည်းလှိုက်ရယ်နေသေးတယ်။
တစ်ချက်နင်းလိုက်လို့ ပြီးသွားမယ်ထင်ပေမယ့် သူ့ဆီက တုန့်ပြန်မှုကိုရလိုက်တော့ ပိုပြီးအတင့်ရဲလာခဲ့တယ်။ ခြေချောင်းတွေကို ပွတ်သပ်နေရာကနေ ေခြဖမိုးကိုကျူးကျော်လာတယ်။ ခြေဖမိုးမှာလည်းရပ်မသွားဘူး။ ဆောနူးရဲ့ဂျင်းပန်လေးကို ခြေသလုံးတစ်ဝက်လောက်ထိရောက်အောင် လှန်တင်ပြီး ခြေသလုံးသားတွေကိုပွတ်သပ်ဖို့ကြိုးစားနေတယ်။