GLORIOUS YOU

2.6K 169 5
                                    

Story type - ZSWW (Zhanyi) FANFICTION
Genre - slice of life, teenage love, romance, love, and love again...

Suggest song-Golden Hour by JVKE

'GLORIOUS YOU'

ငါတို့နမ်းကြည့်ကြမလား

ဘယ်လို

အချစ်အတွက်ဖြစ်ဖြစ်​လေ

===============

ကလင် ချွင်

​ဂျောက်...

"လာပြီလား"

ထွက်လာတဲ့အသံသြသြ​လေးနဲ့အတူသူ့ကိုလည်ပြန်လှည့်ကြည့်လာတဲ့​ကောင်​လေးရဲ့မျက်ဝန်း​တောက်​တောက်​တွေ​ကြောင့် သူတခဏ​ငေးခနဲဖြစ်သွားရတယ်။

စွန့်ကြဲလာတဲ့​တောက်​တောက်ပပအပြုံး​လေးတစ်ပွင့်အတွက် သူကိုယ်တိုင်ကိုကအားပါးတရပြုံးမိသွားပါတယ်။

"ကြာ​နေ​တော့ မင်းမလာ​တော့ဘူး​တောင်ထင်​နေတာ"

"ပါပါးမအိပ်​သေးလို့​​စောင့်​နေရတာနဲ့..."

"ဒါ​​ပေမဲ့ပါတယ်မလား"

"အင်း..."

လက်ထဲကပုလင်းကိုကမ်း​ပေးလိုက်တဲ့အခါ သခင်​လေးကအကျယ်ပြန့်ဆုံး​သောအပြုံး​တွေနဲ့ရယ်​မောပါတယ်။

လိုချင်တာရသွားတဲ့က​လေးတစ်​ယောက်ရဲ့​​ပျော်ရွှင်မှုသ​င်္ကေတဖြစ်တယ်ဆိုတဲ့ အသန့်ရှင်းဆုံး​သောအပြုံးဆိုတာထက်ပိုတဲ့ဖြူစင်ခြင်း​တွေနဲ့​ပေါ့။

ဟန်​ဆောင်မှုကင်းတယ်။ ရိုးရှင်းတယ်။ ​​နောက်ပြီး...နက်ရှိုင်း​နေတယ်။

"စ်....Screaming Eagle ဆိုပဲ..."

"အင်း.."

ယူလာတဲ့ဝိုင်ခွက်​တွေကိုချရင်း​သံ​ယောင်လိုက်လိုက်​တော့ တက်ကြွ​နေတဲ့သူက​လေးက ပုလင်းကစာ​တွေကိုမဖတ်တတ်ဘဲဖတ်ချင်​ယောင်​ဆောင်ရင်းနားလည်​နေပြန်​ရော။

"ငါတို့ကိုပါ​အော်ပစ်​စေနိုင်မယ်ထင်လား မင်း.."

"ဟင် ဘယ်လို"

"Screaming Eagle​ဆို​တော့​လေ..."

က​လေးဆန်ပြီးပွင့်​လင်းတဲ့အ​တွေးက​လေး​ကြောင့်သူ့မှာပြုံးရပြန်တယ်။

"မ​ပြောတတ်ဘူးပဲ"

"မင်း​ပြောတယ်​လေ နှစ်၅၀ဝိုင်ဆို"

'GLORIOUS YOU' { COMPLETED }Where stories live. Discover now