Zawgyi

226 7 0
                                    

🍩projectလေးအတွက် one shot ficဖတ်ရင်းလှူလို့ရအောင် ရေးပေးခဲ့တာလေးပါ
Clientရဲ့သဘောတူညီမျှအရ ပြန်လည်မျှဝပေးခြင်း‌ဖြစ်ပါတယ်🤍
Donationမှာပါဝင်ပေးကြတဲ့တစ်ဦးတစ်ယောက်ခြင်းစီကိုလဲ ကျေးဇူးအထူးတင်ရှိပါတယ်🤍
________________________________________

'ကိုကိုရဲ့မက်ချူး'
@vivian

"သား ဟန်ဘင်း
ဒီက မင်းရဲ့မာမီသစ်ဖြစ်လာမဲ့သူ
Annaတဲ့ နှုတ်ဆက်လိုက်ပါဦး"

ဟန်ဘင်း ကိုယ်ကို 90°ကိုင်းညွှတ်လိုက်ပီး ဆံပင်အဝါရောင်နဲ့ ထိုအမျိုးသမီးကိုနှုတ်ဆက်လိုက်သည်...

"မင်္ဂလာပါ အန်တီ Anna"

" He is really cute, Darling"

ထိုအမျိုးသမီးရဲ့မျက်လုံးတွေဟာအပြာရောင်ဖြစ်ပီး သူမရဲ့လက်တဖက်က ပါးဖောင်းဖောင်နဲ့ကောင်ငယ်လေးကိုလက်ဆွဲထားသည်..

"ဒါက သားညီလေးဖြစ်လာမဲ့သူလေ
Seok Matthewတဲ့ ချစ်စရာကောင်းတယ်မလား"

ဟန်ဘင်း ထိုကလေးလေးကိုကြည့်‌လိုက်တော့ ပန်းရောင်သန်းနေတဲ့ပါးဖောင်းဖောင်းလေးရယ် ပျော့အိအိဆံပင်လေးတွေရယ် အနည်းငယ်ဆူထွက်နေတဲ့နှုတ်ခမ်းပိစိလေးရယ်
အသဲယားစရာအတိပင်...

"Hi Matthew"

"Baby, this is your new brother.
His name is Sung Hanbin. Say hi to him"

"Hiကိုကို"

ရုတ်တရတ် ကိုရီယားလိုပီသစွာပြောလာတဲ့ကလေးလေးကြောင့် ဟန်ဘင်းအသည်းယားစွာကောက်ပွေ့မိတော့ တခစ်ခစ်ရယ်လာတဲ့ကလေးငယ်..

"Matthewနဲ့ အန်တီAnnaက koreaမှာ‌နေတာနည်းနည်းကြာတော့ koreaစကားပြောတတ်တယ်သားရဲ့"

ဟန်ဘင်း Matthewရဲ့ပါးဖောင်းဖောင်းလေးကို ထိလိုက်ရင်း သူပါလိုက်ပြုံးလိုက်မိသည်..
ကလေးငယ်လေးဟာတကယ်ကိုချစ်ရာကောင်းလှသည်..

ဟန်ဘင်းအစကထင်ခဲ့တာတော့ မိထွေးရတာက ကာတွန်းကားတွေထဲကလိုဆိုးရွားလိမ့်မယ်လို့..
ဒါပေမဲ့ အန်တီAnnaကအရမ်းသဘောကောင်းပီး Matthewလေးကအရမ်းချစ်စရာကောင်းသည်..
ဒီလိုနဲ့သူ့ရဲ့မိသားစုအသစ်လေးက နွေးနွေးထွေးထွေးနဲ့ပျော်ရွှင်စရာအရမ်းပင် ကောင်းခဲ့ပါသည်..

"I love you,
I want you,
Seok Matt-chu~"

ချစ်စရာကောင်းတဲ့အသံလေးနဲ့ ပြောနေတဲ့ Mattewကေကာင့် အိမ်သားအားလုံးအသဲယားသွားမိသည်..
အထူးသဖြင့် ဆောင်းဟန်ဘင်းပင်..
ဒီကလေးလေး အရမ်းချစ်စရာကောင်းလို့ သူငယ်ချင်းတွေကမင်းညီလေးနဲ့တွေ့ပေးပါဦးပြောရင်းတောင် ပတ်ပြေးနေရသည်..
ဟန်ဘင်း ညီလေးကိုအရမ်းချစ်သည်..
ဘယ်သူနဲ့မှပေးမတွေ့ပေးချင်ပါ..

"ကိုကို့ရဲ့မက်ချူး"Where stories live. Discover now