videoရိုက်ဖို့အတွက်လူခွဲတာကိုရှေ့ရက်ကတည်းကခွဲပေးပြီးပြီမို့ဒီနေ့တော့ဂျီအွန်းနဲ့ရစ်ခီတို့အလှည့်ရောက်လာခဲ့ပြီ။ videoရိုက်ဖို့တော့staffတွေဝင်မပါပဲ အေးအေးဆေးဆေးပဲရိုက်ခိုင်းတာမို့studioခန်းထဲမှာ သူတို့နှစ်ယောက်ပဲကျန်နေခဲ့တယ်။
" ဒါနဲ့ရစ်ခီမရိုက်ခင်ကိုတို့အကကိုအစမ်းလေ့ကျင့်ကြည့်ကြမလား "
" ဟုတ်ကဲ့ဟျောင်း "
ပြောပြီးတာနဲ့ studioထဲကမှန်ရှေ့မှာကကွက်အစမ်းလေ့ကျင့်နေတဲ့ရစ်ခီ။
ဂျီအွန်းကတော့သီချင်းအရင်ဖွင့်ပြီးမှန်ဘက်လှည့်ကြည့်လိုက်တဲ့အချိန်အသက်ရှူမှားစရာကောင်းအောင်လှလှလေးကနေတဲ့ရစ်ခီကြောင့်လုပ်ရမယ့်အလုပ်ကိုတောင်မေ့သွားတယ်။
ဂျီအွန်းလောက်တော့ခန္ဓာကိုယ်သိပ်မထွားပေမယ့်အရမ်းကြီးလည်းမပိန်ပါးပဲရှည်လျားတဲ့အရပ်ကြောင့်မြင်သမျှလူတိုင်းအတွက်တော်တော်လေးကြည့်ကောင်းတယ်လို့မပြောမပြီးနိုင်လောက်တဲ့ခန္ဓာကိုယ်အချိုးအစား။ ဆံပင်တွေကိုငွေရောင်ဆိုထားပြီးမျက်မှန်အနက်ရောင်ပါတပ်ထားတော့နှင်းစက်လိုဖွေးဆွတ်နေတဲ့အသားအရည်နဲ့လိုက်ဖက်စွာ။
ဒါအပြင် မြင်တဲ့သူတိုင်းအကြည့်မလွဲနိုင်လောက်အောင်လှတဲ့သွယ်လျလျခါးရဲ့အားသာချက်ကိုသိနေတဲ့အလားကောင်းကောင်းအသုံးချပြီးကနေတဲ့ရှေ့ကကောင်လေးကိုဂျီအွန်း တစ်ယောက်အကြည့်မလွှဲနိုင်ပဲဖြစ်နေမိတယ်။အဲဒီသွယ်လျလျခါးလေးကသူ့လက်တွေကြားထဲမှာရှိနေရင်ဘယ်လောက်ကြည့်ကောင်းနေလိုက်...
" ဂျီအွန်းဟျောင်း "
" ဟင် ရစ်ခီ ဘာဖြစ်လို့လဲ "
လေ့ကျင့်နေတဲ့ရစ်ခီစီကခေါ်သံကြားမှအလန့်တကြားနဲ့အတွေးလွန်နေရာကပြန်အသိစိတ်ဝင်လာတော့တယ် ။
" ဟျောင်းရောအရင်မကကြည့်တော့ဘူးလား "
" ဟင် အင်းး ကကြည့်မယ်ကကွက်လေးနည်းနည်းပြန်စဉ်းစားနေလို့ ရစ်ခီအရင်လေ့ကျင့်နှင့်နော် "
"ဟုတ်ကဲ့ပါ ဒါဆိုလဲ "
အရှေ့ကအတွေးတွေလွင့်အောင်လုပ်တဲ့တရားခံလေးကတော့ဘာမှမဖြစ်သလိုဆက်ပြီးလေ့ကျင့်နေပေမယ့်သူ့မှာသာသူခိုးလူမိတော့မလိုဖြစ်သွားလို့ရင်တွေတုန်နေသလိုပဲ။
ခုနကသူငေးကြည့်နေမိတာကိုသတိမထားမိလောက်ဘူးမဟုတ်လား။မထားမိလောက်ပါဘူး ရစ်ခီက ကတဲ့ထဲပဲအာရုံစိုက်နေတာကို ဟုတ်တယ် သတိမထားမိလောက်ပါဘူး။
YOU ARE READING
Do you mind if I steal a Kiss? (One Shot)
Short StoryKim Ji Woong × Shen Ricky နှစ်ယောက်videoမြင်လိုက်ရလို့အပျော်လွန်ပြီးမနေနိုင်လွန်းလို့အရဲစွန့်ရေးမိတာပါ Everything in this story is just my imagination. This is just a fanfiction. Don't take it seriously.