အပိုင်း(၈)

680 75 5
                                    

Unicode

“မဒီနားလည်ရဲ့လား။ ဒီ note bookထဲမှာ အချိန်ဇယားဆွဲရမယ်။ အချိန်ဇယားမှားရင် သေပြီပဲ။ ”

မနီလာပြောနေသမျှကို မျက်လုံးလေးပြူးကလယ်ပြူးကလယ်နဲ့ ခေါင်းညိတ်လိုက်၊ကြောက်ရိပ်သန်းလိုက်နဲ့ reaction အမျိုးမျိုး changeနေသော တစ်စုံတစ်ယောက်ကို အမှတ်မထင်ကြည့်နေမိသည်။ ‌မင်းသမီးလုပ်ရမှာ ။တကယ်တတ်နိုင်တယ်။

“နောက်တစ်ခါ ဒီနားလေးမှာ လိုက်ကာတပ်ခိုင်းရမယ်”

ထို‌သို့ရေရွတ်ပြီး Laptop screen ပေါ်သို့ပြန်မရောက်လာသေးသော မျက်လုံးအစုံတို့သည် ငေးနေမြဲထိုနေရာတွင်သာ ရပ်တန့်နေခဲ့သည်။

“မဒီ ဒါကကော်ဖီပို့ရမယ့်အချိန်နော်”

မဒီကြောင်အမ်းအမ်းဖြစ်သွားသည်။ကော်ဖီတဲ့။ မမလေးရောဂါနဲ့မတဲ့ဘူးလေ။ မနီလာမသိတာလား။

“မနီလာ မမလေးကကော်ဖီသောက်လို့မရဘူး”

ပြောပြီးမှ မေမေကြီးပြောထားတာကိုသတိရသွားသည်။ မမလေးရဲ့ရောဂါအကြောင်းကိုဘယ်သူမှပေးသိလို့မရဘူးတဲ့။ ကိုယ့်နှုတ်ခမ်းသာ ကိုယ်ကိုက်ထားလိုက်မိသည်။

“ဟင် ဘာလို့လဲ ဒီအချိန်ဇယားကသက်မျိုးထင်လာပေးသွားတာ ဒီထဲကအတိုင်းပဲလုပ်ရမယ်တဲ့”

“သက်မျိုးထင်..”

မဒီဘာဆက်ပြောရမှန်းကိုမသိ။ မမလေးကိုသွားပြောရအောင်ကလည်း မဒီအဲ့လောက်ထိမရဲ။ မနက်ကခြိမ်းခြောက်သလိုပြောသွားတဲ့ သက်မျိုးထင်ရဲ့ အပြောနဲ့မျက်နှာ။ မဒီဘာလုပ်ရမလဲ။ သက်မျိုးထင်ကမေမေကြီးလူတဲ့။ ကိုယ့်သားသမီးကိုတော့ ဘယ်မိဘကမှဒုက္ခရောက်အောင်မလုပ်တာ မဒီသိသည်။ ယုံကြည်သည်။ ဒါဆို သက်မျိုးထင် သူကဘယ်သူလဲ။

စိုးရိမ်ကြီးစွာ မှန်နံရံအကြည်တွေကိုဖြတ်ကြည့်လိုက်တော့ မဒီတို့ဘက်ကိုမျက်မှောင်ကျုံ့ကြည့်နေတဲ့မမလေးကို‌တွေ့ရသည်။ လန့်ဖြန့်သွားသောစိတ်နဲ့ အကြည့်အရင်လွှဲလိုက်ရင်း မနီလာပြောသမျှကိုခေါင်းလိုက်ညိတ်ရပြန်သည်။ ခေါင်းသာညိတ်နေတာ မနီလာပြောသမျှဘာတစ်ခုမှခေါင်းထဲထည့်မရ။ တုန်ယင်သွားသောနှလုံးခုန်သံဟာ ဒီတိုင်းကြားနေရသလို၊ နားထင်သွေးခုန်သံကလည်းတဒိန်းဒိန်း။ လန့်ပြီးသေတော့မှာပဲ။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now