အပိုင်း(၂၅)

530 48 6
                                    

Unicode

"မသင်္ကာလို့"

"ဘာရယ်"

"ဟုတ်တယ် ကိုခန့်အက်ဆီးဒင့်ဖြစ်တာကိုမသင်္ကာဘူး။ ဖေဖေအာမခံနိုင်လား။ ကိုခန့်ကရိုးရိုးအက်ဆီးဒင့်ကြောင့် အသက်ဆုံးရှုံးခဲ့ရတာပါလို့။ "

"သမီးစကားကိုဖေဖေဘယ်လိုနားလည်ရမလဲ"

"မမပိုးကပြောတယ် နွေးရဲ့ဒီလိုပုံစံနဲ့တွေ့ချင်တိုင်းတွေ့လို့ရမယ့်လူမဟုတ်ဘူးတဲ့။ ဒါဆို သာမန်အသိုင်းဝိုင်းထဲကမဟုတ်တာသေချာသွားပြီ။ ပိုက်ဆံရှိတဲ့လူတွေကအသက်ကိုဝယ်နိုင်တယ်ဆိုတာဖေဖေမသိဘူးလား"

ဖေဖေ့မျက်ဝန်းတွေမှာနားမလည်ခြင်းတွေပဲစုနေတယ်။ သမီးဘယ်လိုတွေးလိုက်တာလဲဆိုပြီးပြန်မေးနေတဲ့အကြည့်တွေမြင်နေရတယ်။ စိတ်ထဲကအနာတရအတွက်၊ချစ်ရတဲ့လူအတွက် သံသယတွေတသီကြီးထားထားတာသူမှားသွားလို့လား။

"အဲ့လိုလဲဘယ်ဟုတ်မလဲကွယ်"

"တော်တော့ဖေဖေ ဖေဖေတို့မကူညီလည်းနွေးစုံစမ်းနိုင်တယ်"

နွေးကျလာတဲ့မျက်ရည်တွေကိုခပ်ကြမ်းကြမ်းဆွဲသုတ်ရင်း အပေါ်ထပ်တက်လာခဲ့သည်။ သိရဖို့ဆို သူလူတစ်ယောက်ကိုပဲစုံစမ်းခိုင်းရတော့မှာပဲ။ ဖုန်းထဲကနံပါတ်တစ်ခုကို နှိပ်လိုက်ရင်းခေါ်ဆိုမှုကိုစတင်လိုက်သည်။

"ဟယ်လို ကျွန်မကိစ္စတစ်ခုစုံစမ်းခိုင်းချင်တယ်။"

မင်းဘယ်လိုလူမျိုးပဲဖြစ်ဖြစ်၊ဘယ်အသိုင်းအဝိုင်းကလူမျိုးပဲဖြစ်ဖြစ် ငါ့ချစ်သူရဲ့အသက်နဲ့ရှင်သန်နေရတဲ့လူပဲ။ မင်းတို့ဘာတွေဖုံးကွယ်ထားတယ်ဆိုတာ ငါရအောင်ဖော်ထုတ်မယ်။ မင်းရဲ့ကျန်ရှိနေတဲ့ဘဝတစ်ခုလုံးမပျော်ရွှင်ရဘူးဆိုတာ ငါကျိန်ပြောရဲတယ်။ ငါကျိန်တယ်။ ကိုခန့်ကိုငါ့ဆီကရက်ရက်စက်စက်ခွဲထုတ်ခဲ့နင်တို့တွေကို ငါလက်တုံ့ပြန်ဖို့ရောက်လာခဲ့မယ်။

ကောင်းကင်တွင် တစ်ပွင့်နှစ်ပွင့်လောက်သာရှိသောကြယ်တွေကိုမှငေးမောနေသောမိန်းကလေးတစ်ယောက်ကို သူငေးကြည့်နေခဲ့သည်။ ထိုမိန်းကလေးမျက်နှာကိုသူသေသေချာချာမမြင်ရ။ ရေူးကမ်ထဲခြေချထိုင်နေတဲ့မိန်းကလေးက ကောင်းကင်ကိုမော့ကြည့်ပြီး မရှိတဲ့ကြယ်တွေကိုကြည့်နေတာကိုပဲ သူ့အဖို့လွမ်းလွမ်းဆွေးဆွေးနဲ့ သူငေးနေခဲ့သည်။နားထဲတိုးဝင်လာတဲ့အသံက တစ်ယောက်ယောက်အသံနဲ့တူနေသလိုပဲ။

မဆုံသောမျဉ်းပြိုင်Where stories live. Discover now