"အ့...နာလိုက်တာ..."
Engeneတစ်ယောက် သူမဦးခေါင်း၏ အထဲကို ဆစ်ခနဲ ဆူးသွားသည့် နာကျင်မှုဒဏ်ကို ခံစားလိုက်ရတာကြောင့် အိပ်နေရာမှ အသိစိတ်က နိုးလာလေသည်...ဒါကြောင့် သူမက မျက်လုံးကို အားယူကာ မဖွင့်သေးဘဲ နာကျင်မှုကို ခံစားနေရသည့် ခေါင်းကို သူမလက်နှင့် မညှာမတာ ကြမ်းကြမ်းဖိထားပြီး ဖြည်းဖြည်းချင်း ထထိုင်ဖို့ လုပ်လိုက်သည်...ထိုအချိန်...
"ဟင်...နိုးလာပြီလား..."
ဘယ်ကမှန်းမသိတဲ့ မိန်းကလေးငယ်တစ်ယောက်ရဲ့ အသံကို သူမ၏အခန်းထဲမှာ ကြားလိုက်ရသည်...သူမ မျက်လုံးကို မဖွင့်သေးဘဲ သူမအား သူမကိုးပြီး ဖြည်းဖြည်းချင်းထထိုင်လိုက်သည်...ထို့နောက် သူမ၏အခန်းထဲကို ရောက်နေသည့် မိန်းကလေးကို ဘယ်သူလဲဆိုတာ ကြည့်ဖို့ရန်အတွက် သူမမျက်လုံးတွေကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည့်အခါ...
"အားးးးးးးးးးSo...Soo...Sooha!!!!!"
"ဟမ်...ဟမ်...ဘာ..ဘာ...ဘာဖြစ်လို့လဲဟင်...သက်သာရဲ့လား..."
Engeneတစ်ယောက် သူမမျက်လုံးနဲ့ သူမကိုယ်တိုင်မြင်နေရသည့် သူမအရှေ့က လူကို သူမမယုံနိုင်ပေ...သူမ အိပ်ရာကနေ နိုးနိုးချင်း...အယ် မဟုတ်သေးပါဘူး...
သူမ DARK MOON:THE BLOOD ALTARကို တစ်ဝက်တစ်ပျက်ဖတ်ပြီး စိတ်တိုတိုနဲ့ ဖတ်တာရပ်လိုက်ကာ စက်ဘီးစီးပြီး အနားနီးက စတိုးကို သွားတဲ့လမ်းမှာ အဆင်အကိုကြီးချောချောတစ်ယောက်တွေ့လို့ဆိုပြီး ရှေ့မကြည့် နောက်မကြည့်ငမ်းလိုက်ရာကနေ လမ်းပေါ်က ၁၀လက်မလောက်ရှည်သည့် သစ်ကိုင်းခြောက်အတုတ်ကြီးကို သူမစက်ဘီးနဲ့ နင်းမိရာကနေ စက်ဘီးမှောက်ပြီး...သူမခေါင်းက ကျောက်တုံးလို မာကျောကျောအရာတစ်ခုခုကို တိုက်မိသွားပြီး သူမမေ့သွားသည်...
အခု သူမ မေ့မြောရာကနေ ပြန်ထလာတော့ သူမ ကမ္ဘာပေါ်မှာ အမုန်းဆုံးလူကို အရင်ဆုံးတွေ့လိုက်ရသည်တဲ့လား...မယုံနိုင်ခြင်းများစွာဖြင့် သူမရောက်နေသည့် အခန်းပတ်ပတ်လည်ကို ဝေ့ဝက်ကြည့်မိတော့လည်း ဒီအခန်းဟာ THE BLOOD ALTARထဲက Sooha၏အခန်းပင်...
YOU ARE READING
What's happening in DARK MOON:THE BLOOD ALTAR?
Fanfictionဘာလဲ!!!!!THE BLOOD ALTARကဇာတ်ကြောင်းတွေ ပြောင်းကုန်တာလား...Soohaကရော!!! "What's happening in DARK MOON:THE BLOOD ALTAR?"fictionသည် မူရင်း HYBE story DARK MOON:THE BLOOD ALTAR၏ကျောရိုးကိုသာ ယူထားခြင်းဖြစ်ပြီး ဤfiction၏ ကျန်ဇာတ်ကွက်ဇာတ်လမ်းအားလုံ...