(9)

208 18 7
                                    

Noaက Shionနဲ့ ​ဘေးတိုက်လမ်း​လျှောက်​​နေရင်းမှ တစ်ဖက်က Engeneဆီ အကြည့်​ရောက်သွားပြီးကျန်လူ​တွေ သတိမထားမိနိုင်​လောက်သည့် မသိမသာနှုန်းဖြင့် Engeneအနားကို ကပ်သွား​လေသည်...​​​နောက်​တော့ Engeneအနားကို လက်​မောင်းချင်းထိ​အောင် အနီးဆုံးထပ်ကပ်လိုက်ပြီး...

"Engene..."

မိမိ​ဘေးကို ဘယ်လိုဘယ်လို​ရောက်လာမှန်းမသိတဲ့ Noaကို Engeneက ​လှည့်ကြည့်လိုက်သည်...

"ဟင်..."

"ဟို​လေ..."

Noaက ​​ပြောဖို့ကို Engeneကို စကား​ခေါ်လိုက်ပြီးကာမှ ​ပြောသင့်မ​ပြောသင့် ပြန်စဥ်းစား​နေရ​သေးသည်...​​ပြောလက်စနဲ့​တော့ ဆက်​ပြောဖို့ကို Noaဆုံးဖြတ်လိုက်သည်...

"နင်ခုနက Solon hyungကို အ​ချောဆုံးလို့ ​ပြောတယ်​လေ..."

"ဘယ်တုန်းက..."

Engeneက သူဘယ်တုန်းက ​ပြောမိလဲဆိုတာကို အသည်းအသန်စဥ်းစားဟန်ပြုသည်...စဥ်းစား​နေရင်း တစ်ချက်တစ်ချက် မျက်​မှောင်ကြုံ့သွားပုံ​လေး​တွေက ချစ်စရာ​ကောင်းသည်ဟု Noa​တွေးမိ​နေသည်...Engeneက အမြဲချစ်စရာ​ကောင်းသည်...သူ့ကို စိတ်ဆိုးသည့်အခါ လိုက်ရိုက်တတ်သည့် ​ဒေါသထွက်​နေသည့်Engeneဟာလည်း Noaအတွက်​တော့ ချစ်စရာအ​ကောင်းဆုံးပင်...တစ်ခါတစ်​လေ Engeneဟာ ဘာ​တွေများစားထားလို့ ဒီ​လောက်ချစ်စရာ​ကောင်း​နေသလဲဟု Noaခဏခဏ ​တွေးမိသည်...

"ငါတို့ ထွက်မလာခင်တုန်းက​လေ...နင် သူ့ကို လိုက်ခဲ့ဖို့ ​ခေါ်တုန်းက​လေ..."

Noaက ထိုသို့ပြန်​ပြောပြလိုက်​တော့မှ Engeneက ပြန်သတိရလာပုံ​ပေါ်ပြီး...

​"အော်...ဟုတ်တယ်​လေ...အဲ့တာက ဒီတိုင်း​ပြောလိုက်တာပါဟာ..."

"အဲ့တာဆို ဒီတိုင်း​ပြောလိုက်တာဆို​တော့ Solon hyungက မ​​ချောဘူး​ပေါ့..."

Noaက နှုတ်ခမ်းကြီးဆူကာ ထိုသို့​ပြော​တော့ Engeneလည်း အနည်းငယ်​တော့ မျက်လုံးပြူးမိသွားသည်...​တော်ကြာ ​လောရှည်​ကောင်က မျက်နှာလိုမျက်နှာရနဲ့ Solonကို Engeneက သူ့ကို မ​ချောဘူး​ပြောပါတယ်ဆိုပြီး သွား​​ပြောလိုက်လျှင် Engeneမှာ ကွိုင်ရှိသွားနိုင်သည်...

What's happening in DARK MOON:THE BLOOD ALTAR?Where stories live. Discover now