3

148 11 2
                                    

20.6.23

"သားလေး ခဏနေ မဂ်လာပွဲစတော့မယ်လေ..ပြင်လို့မပြီးသေးဘူးလား"

"မဟုတ်ပါဘူး အိုမားရဲ့ ပြီးပါပြီ သား မောင့်ကိုစောင့်နေတာ"

"သားရဲ့မောင်က အောက်က စောင့်နေတယ်လေ..ခဏနေရင် သားဆင်းရတော့မှာလေ.."

"အိုးမာ သားကို ပြောစရာရှိနေသေးလား"

ဂျီဝွန်း၏စကားကြောင့် ဂျီဝွန်းအမေ ခဏ တုန်လှုပ်သွားလေသည်။

"ဘာကိုလဲသား"

"ဟင်အင် အိုမား ဒီတိုင်းပြောစရာရှိသေးလားလို့မေးကြည့်တာပါ"

"သား လာတော့ မဂ်လာချိန်ရောက်ပြီး အောက်မှာလည်းလူတွေစုံနေပြီ"

"ဟုတ်"

ဂျီဝွန်းသည် သူအမေနဲ့အတူ ခန်းမထဲသို့ ဝင်ရောက်လာသည်။

အဖြူရောင် သတိုးသားဝတ်စုံနှင့် ဂျီဝွန်ဟာ လှပလွန်းသည်။ပန်းရောင်သန်းနေသော နှုတ်ခမ်းပါးပါးလေးနှင့် လိုက်ဖတ်လွန်းလှသည်။

" Ricky Shen အသင်သည် သတိုးသား Kim JiWoong အား ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ အေးအတူပူအမျှ ထာဝရ ပေါင်းသင်းသွားနိုင်ပါသလား"

" ဟုတ်ကဲ့ ထာဝရ ပေါင်းသင်းသွားနိုင်ပါသည်။"

" Kim Ji Woong အသင်သည် သတိုးသား Ricky Shen အား ဆင်းရဲသည်ဖြစ်စေ၊ချမ်းသာသည်ဖြစ်စေ အေးအတူပူအမျှ ထာဝရ ပေါင်းသင်းသွားနိုင်ပါသလား"

" ဟုတ်ကဲ့ ထာဝရ ပေါင်းသင်းသွားနိုင်ပါသည်။"

" ဤ မဂ်လာပွဲ ထမြှောက်ပါပြီး "

ဖာသာ၏စကားဆုံးသည်နှင့် လက်ခုပ်သံများ ထွက်လာသည်။

တစ်အောင့်ကြာတော့ ရုတ်တရပ် မိုးတွေအုံ့လာပြီး မိုးတွေပါ ချိန်းနေလေသည်။ထိုသို့ဖြစ်လာမည်ကို ကြိုသိနေသော ဂျီဝွန်း၏အမေသည် သူ၏သားနှစ်ယောက်ရှေ့တွင် ရပ်နေလေသည်။

"သားလေး..အိုမားတောင်းပန်ပါတယ်ကွယ်"

"ဘာ ဘာတွေဖြစ်နေတာလဲ..အိုမား အခုဘာတွေဖြစ်နေတာလဲလို့!သားကိုပြောပါအုန်း"

"အိုမားပြောတာကို သေချာနားထောင် အခုချိန်ကစပြီး အိုမားက သားရဲ့ဘေးနားမှာမရှိပေးနိုင်တော့ဘူး။အိုးမား အစား ဒီဟာလေး ယူထားပေး"

MY HYPNOTIZED BEAUTIFUL BUTTERFLY Where stories live. Discover now