လွန်စွာပူပြင်းခြောက်သွေ့အထီးကျန်လှသော နွေနေ့လယ်ခင်းတစ်ခု၌ ဆွန်းရီကျောင်းတွင် တစ်ကျောင်းလုံး၏အချစ်တော်လေးဖြစ်သူ the whole king လေး ရစ်ခီရှန်တစ်ယောက် ကြိုးစားပမ်းစားငိုက်မျဉ်းလျှက်စာသင်ကြားနေပါ၏
'ပူရတဲ့အထဲ ဆရာကဘာတွေပြောနေတာလဲကွာ အချိန်ကလည်းမကုန်တော့ဘူးလား' တွေးတာရင်းဘေးဘီကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ ဂယူဘင်းမှာ အိပ်မက်ကမ္ဘာထဲအလည်ရောက်နေလေပြီ။"ရစ်ခီ၊ ဂယူဘင်းဒီပုစ္ဆာလာတွက်ပြစမ်း"
တောင်တောင်အီအီတွေးတောနေစဉ်မှာပဲ ဆရာ့အသံကြောင့် နေ့ခင်းကြောင်တောင်ကြီး သရဲတွေ့လိုက်ရသလို ခေါင်းနပမ်းကြီးသွားရတော့သည်။ သို့သော် အချေမင်းသားဘွဲ့တော်ရ ရစ်ခီမှာ ပျော်လည်းဒီရုပ်၊ စိတ်လှုပ်ရှားလည်း ဒီရုပ် ၊ နောက်ဆုံး ကမ္ဘာပျက်သွားရင်တောင်ဒီရုပ်ပင်ဖြစ်လေရာ ဘာမှမဖြစ်သလို မျက်နှာသေကြီးနှင့်ပင် ရှေ့သို့ထွက်သွားလိုက်ရာ တစ်တန်းလုံး၏အကြည့်များက ရစ်ခီ ဆီသို့ရောက်ရှိလာပါတော့သည်။
ဘောင်းဘီအိပ်ထဲ လက်ထည့်၍ model လျှောက်သလို ဟန်ပန်အမူအယာလေးနှင့် ကြော့ကြော့လေးရှေ့ထွက်လာသူအား ဆရာရော၊ တစ်တန်းလုံးကပါ 'ရှန်သခင်လေးကတော်လိုက်တာ' ဟူ၍ လေးစားအားကျသော အကြည့်ကြီးများဖြင့် ကြည့်နေကြသော်လည်း တစ်လောကလုံးကို အိမ်၌တင်ကျွေးထားရသကဲ့သို့ ချေမိုးနေသော ရှန်သခင်လေးမှာ
"မတွက်တတ်ဘူး"လို့ ခပ်တည်တည်ဆိုလိုက်တာနဲ့ပဲ ဆရာကအတန်းထဲကနှင်ထုတ်လိုက်ပါတော့တယ်
အတန်းထဲမှမောင်းထုတ်ခံလိုက်ရသော နှစ်ယောက်မှာ ခုမှစိတ်သက်သာရာရသွားသလို "လွတ်လပ်ပြီကွ" ဟူ၍ကြိတ်ပြုံးကြီးဖြင့် ထွက်လာရင်း
"ရစ်ခီ ယူဂျင်းလေးဆီသွားရအောင် လိုက်ခဲ့ကွာ"
"မလိုက်ဘူးကွာ၊ ပူရတဲ့ကြားထဲမင်းကတစ်မျိုး ကိုယ့်ဘာသာသွား"
"မင်းကလည်းလိုက်ခဲ့ပါကွာ" အတင်းဆွဲကာခေါ်နေလေတော့ ရစ်ခီမှာလည်း
"မလိုက်ဘူးလို့" ပြောနေရင်း ယက်ကန် ယက်ကန်ပါသွားလေတော့သည်။
YOU ARE READING
hyung is my beautiful weakness (RiWoong)
Romanceအကိုကကျွန်တော့်ဘဝမှာပထမဆုံးဒူထောက်မိစေတဲ့ အားနည်းချက်လေးပဲ Kim Ji Woong x Shen Ricky