😘🦋 4

546 57 13
                                    

ဂျီအွန်းတစ်ယောက် အိမ်ရောက်တော့ နှဖူးပေါ်လက်တင်ပြီး ဖြစ်စဉ်တစ်ခုလုံး အစကနေအဆုံးထိ သေချာစေ့စေ့တွေးတောနေပါသော်လည်း ဘယ်နေရာကစမှားခဲ့တာလဲ??? တကယ်ကိုမသိတော့ပါ

'စတွေ့ကတည်းက သဘောကျတာတဲ့လား?

တစ်ကျောင်းလုံးရဲ့ နှစ်ယောက်မရှိတဲ့ ပျိုတိုင်းကြိုက် နှင်းဆီခိုင်ကြီး King Ricky Shen ကလေ

အင်း.... ငယ်သေးတဲ့အရွယ်ဆိုတော့ ဒီအတိုင်းစိတ်ကစားတာပဲနေမှာပါ'

ဂျီအွန်းက အချစ်ဆိုတာကို သိပ်ပြီးအယုံအကြည်မရှိသူတစ်ယောက်မို့ ခေါင်းရှုပ်ခံပြီးလည်း တွေးမနေချင်တော့

ငယ်စဉ်ဘဝမှာပင် မိခင်ကစွန့်ပစ်သွား၍ မိဘမဲ့ကျောင်းမှာ အနိုင်ကျင့်နှိပ်စက်ခံ ကြီးပျင်းခဲ့ပြီး နည်းနည်းသိတတ်လာတဲ့အချိန်မှာ ကျောင်းကနေထွက်ပြေးဖို့ကိုပဲ တစ်ချိန်လုံးတွေးနေခဲ့သူ

တကယ်ထွက်ပြေးဖြစ်တော့လည်း ဘေးနားမှာကူညီအားပေးမယ့်သူမရှိ၊ အကြံဉာဏ်ပေးမယ့်သူမရှိ၊ သူငယ်ချင်းဆိုတာလည်းမရှိဘဲ ကိုယ့်ဘဝကိုယ် ရုန်းလာခဲ့ရတာလေ

အရွယ်ရောက်လာတော့လည်း စီးပွားရေးနဲ့ နေထိုင်ရေး ကြားမှာ လုံးလည်ချာလည်လိုက်နေခဲ့တာကြောင့် အချစ်အကြောင်းတွေ တွေးဖို့သူ့မှာအချိန်မရှိခဲ့ပြန်

"ဆရာအရွယ်ရောက်နေပြီ အိမ်ထောင်ပြုဖို့စိတ်ကူးမရှိဘူးလား" လို့ ပတ်ဝန်းကျင်က မေးတိုင်း

"အင်း ဒီတိုင်းလည်း ပျော်နေတာပဲလေ အပူတွေရှာပြီး စိတ်မညစ်ချင်ပါဘူးဗျာ" ဟုသာ ပြန်ဖြေတတ်မြဲ။

ဒါပေမယ့်လည်း ဟိုတလောကတော့ အိမ်ထောင်မပြုဖြစ်ခဲ့ရင်တောင် 'ရစ်ခီလိုချစ်ဖို့ကောင်းတဲ့ သားလေးမျိုးတော့ လိုချင်မိသား' လို့ တွေးနေခဲ့တာလေ

"အကို အထဲမှာရှိတယ်မို့လား ခုတံခါးလာဖွင့်နော် "

ဂျီအွန်းတစ်ယောက်အတွေးများ ရပ်တန့်ကာ အိပ်ဖို့စိတ်ကူးနေတုန်းမှာဘဲ ကြားလိုက်ရတဲ့အသံကြောင့် တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှဘုရားမတဘူးတဲ့ သူက "အားတဲ့ဘုရားဆင်းကယ်တော်မူပါ" ဘုရားပင်တမိတော့သည်။

hyung is my beautiful weakness (RiWoong)Where stories live. Discover now