"ညနေအိမ်ပြန်လာခဲ့နော်သား မင်းပါပါးကပြောစရာရှိလို့တဲ့"
မားပို့တဲ့ massage က ရိုးရိုးလေးလိုတိုရှင်းဆိုပေမယ့် ရစ်ခီစိတ်ထဲမှာတော့ ဘာလို့မှန်းမသိ တစ်မျိုးကြီးဖြစ်သွားသလိုပင်
"ကျွန်တော်လူကြီးဖြစ်နေပြီ တစ်ယောက်တည်း နေကြည့်ချင်တယ်"
ဆိုပြီး မလှိမ့်တပတ်နဲ့ အကို့ဆီသွားနေတဲ့သူ့ကို အဲ့တုန်းက ဘယ်သူ့မှ မကန့်ကွက်ခဲ့ကြဘူး
တစ်ဇွတ်ထိုးလုပ်တတ်တဲ့သူ့အကျင့်ကိုသိတော့ လက်မြှောက်ထားတာကြောင့်လည်း ပါမှာပေါ့လေ
ပြီးခဲ့တဲ့ နှစ်အတွင်းအိမ်ကိုတစ်ခါလေးတောင်မပြန်၊ အဆက်အသွယ်လည်းမလုပ်တဲ့သူ့ကို
"မတွေ့ရတာကြာပြီ လွမ်းလို့အိမ်ပြန်လာပါအုံး ရစ်ခီရယ်"
လို့ မားကဖုန်းဆက်လို့ ခဏခဏ ခေါ်ခဲ့ပေမယ့် သူကအကိုနဲ့ တစ်စက္ကန့်လေးတောင် မခွဲချင်တာမို့
"မားကလဲ သားကတက္ကသိုလ်ကျောင်းသားဖြစ်နေပြီနော် စာလုပ်ရတာနဲ့မအားဘူး မားရ
ကျောင်းပိတ်ရင်တော့ပြန်လာခဲ့ပါမယ်"လို့ပဲ ပြန်ဖြေနေကျ
ပိုတယ်ပြောပြော ဘာပြောပြော မားနဲ့ငယ်ငယ်လေးကတည်းက အရွယ်ရောက်တဲ့အထိ
တူတူနေပြီးပြီပဲလေ
အကိုနဲ့က ခုမှချစ်စ၊ခင်စ၊ ကြင်နာစလေးဟာကို
အဲ့ဒါနဲ့ပဲ ကျောင်းပိတ်ရက်ပေါင်းများစွာသာ ကုန်သွားခဲ့တာ သူကတော့ဖြင့် အိမ်ကို တစ်ခါလေးမှ ယောင်လို့တောင် မပြန်ခဲ့ပါဘူး
ဒါပေမယ့် ခု ပါပါး ပြန်ခေါ်တာဆိုတော့ မပြန်လို့မဖြစ် အကိုနဲ့သူ့ရဲ့ရှေ့ရေးအတွက် ပါပါး အမြင်ကြည်အောင် ခုထဲကလိမ္မာနေမှရမယ်လေ
"အကို ကျွန်တော်ဒီညနေအိမ်ပြန်မလို့ အထွေအထူးကိစ္စမရှိရင် ညကျပြန်လာခဲ့မယ်နော်"
"တစ်ခါတစ်လေ အိမ်ပြန်တာရက်ကြာကြာနေပါလား ရစ်ခီရယ် မင်းမပြန်တာတော်တော်ကြာနေပြီလေ"
"အကိုကခုတော့ ကျွန်တော့်ကိုနှင်ပြီပေါ့လေ"
"မဟုတ်ရပါဘူးဗျာ"
STAI LEGGENDO
hyung is my beautiful weakness (RiWoong)
Storie d'amoreအကိုကကျွန်တော့်ဘဝမှာပထမဆုံးဒူထောက်မိစေတဲ့ အားနည်းချက်လေးပဲ Kim Ji Woong x Shen Ricky