''ဦးလေး...လာပြီလား...?''
ဂျွန်ဂယူက ခပ်ရေးရေးပြုံးကာ နှုတ်ဆက်လာသည့် တံငါသည်ကောင်လေးကို ခေါင်းအသာညိမ့်ပြလိုက်ဖြစ်သည်။ ထမင်းဘူးကိုင်ထားသည့် သူ့လက်တွေကိုငုံ့ကြည့်လိုက်သည့်အခါ အတန်ငယ်တွန့်လိပ်နေပြီဖြစ်သည့်အရည်ပြားအချို့ရှိနေသည်။
ဒီနှစ်ဆို သူ့အသက် ၆၀ရှိပြီ။
မောင် ပြန်မလာသေးတာ နှစ်လေးဆယ်တောင်ရှိခဲ့ပြီ။
နှစ်လေးဆယ်လုံးလုံး သူမောင့်ကို မပျက်မကွက်စောင့်နေခဲ့သည်။ သူဒီမြစ်ကမ်းကိုမလာဖြစ်တဲ့နေ့မှာ မောင်သာပြန်ရောက်လာခဲ့ရင် သူရှိမနေတာကိုသိရတဲ့မောင့်ကို စိတ်မပျက်စေချင်ပါဘူး။ ဂျွန်ဂယူက ထမင်းဘူးကိုတုန်ရင်စွာဖြင့် သူ့နံဘေး၌ချလိုက်ကာ တံတားငယ်လေး၏အစွန်း၌ ထိုင်လိုက်သည်။ ဒီနေ့လဲ မောင်ကြိုက်တဲ့ဟင်းတွေချက်လာခဲ့တယ်။
မောင်ပြန်မလာရင် နောင်တရမှာပဲ...
ဂျွန်ဂယူသည် မျက်လုံးကိုဖြည်းညင်းစွာမှိတ်လိုက်သည့်အခါ မြစ်ပြင်ကျယ်ပေါ်က ဖြတ်တိုက်လာသည့်လေအေးအေးကိုခံစား၍ရနိုင်သည်။ အရာအားလုံးဟာ မနေ့တစ်နေ့ကအတိုင်းလိုပါပဲ...
အနည်းငယ်ရှည်လျားသည့်လှိုင်းတွန့်သဏ္ဍာန်ဆံပင်လေးတွေကို အနောက်၌စုစည်းထားတတ်သည့် မောင့်ရဲ့မျက်နှာကလေးကို ခုထိထင်ထင်ရှားရှားမှတ်မိနေနိုင်သေးသည်။
မောင့်ကို စတွေ့ခဲ့တဲ့နေ့က ဂုံးနဲ့ကျောက်ခဲတွေကိုဂရုတစိုက်ရွေးချယ်နေခဲ့တဲ့ မောင်ကသူ့ကိုနောက်ခိုင်းထားခဲ့တာဖြစ်သည်။
''ဟေး...''
ဂျွန်ဂယူက ခေါ်သည့်အခါ နောက်ခိုင်းနေသည့်ကောင်လေးက လှည့်ကြည့်လာသည်။ ဖြူအုနေသည့်အသားအရည်ဟာ မွန်းတည့်လုနီးနီးနေရောင်အောက်မှာ အနည်းငယ်ရဲနေပြီး ထိုကောင်လေးကပြုံးရယ်နေခဲ့တာဖြစ်သည်။
''မင်း ဘာလုပ်နေတာလဲ?''
ကောင်လေးက အရယ်မပျက်ဘဲတောက်ပသည့်အပြုံးကလေးနှင့် ဖြေသည်။
''ဂုံးရွေးနေတာလေ...''
ကောင်လေးက လုပ်လက်စအလုပ်ကိုဆက်လုပ်ရင်းဖြေသည်။
YOU ARE READING
"မောင့်ကိုချစ်၍ မြစ်၌စောင့်ခဲ့သည်..." {Harukyu one short}
Short Storyတွေးမိတွေးရာ ရေးမိရေးရာ ...💖