မောင်ကလေ သိပ်ချစ်စရာကောင်းခဲ့တာ။ အလုပ်လုပ်ချိန်တွေမှာ သိပ်အာရုံတစိုက်ရှိပေမယ့် သူရောက်လာတာနဲ့ ချစ်တတ်ကာစကလေးတစ်ယောက်လိုမျိုး သူ့အနားမှာတကပ်ကပ်လုပ်နေတတ်တယ်။ တစ်ခါတစ်လေ ဘာမဟုတ်တာလေးကြောင့်လဲ စိတ်ကောက်သွားတတ်သေးတယ်။ တစ်ခါတုန်းက သူပေးလာတဲ့ လည်စည်းပဝါ အဖြူလေးကို မကြိုက်ဘူးလို့ စလိုက်မိလို့ တသ်နေ့ကုန်စကားမပြောဘဲ စိတ်ကောက်နေသေးတာ။ နောက်နေ့ကျတော့ မချော့တတ်တဲ့သူ့ကို မောင်ကပဲ တငိုငိုတရယ်ရယ်နဲ့ အရင်ပြန်ခေါ်လာခဲ့သေးတာ။ တခါတလေ မောင်ကသိပ်ကလေးဆန်ပြီး အဲ့လိုပုံစံကလေးတွေကြောင့်လဲ မောင့်ကိုပိုပြီးချစ်လာခဲ့တယ်။ တစ်ခါတစ်လေမှာ အလုပ်တွေပစ်ချပြီး သူ့ကိုဆွဲခေါ်သွားရင် သူ့မှာရင်တထိတ်ထိတ်နဲ့ မောင့်နောက်ကိုအပြေးတစ်ပိုင်းလိုက်ရတယ်။ မောင်က ဆန်းပြားတဲ့ကျီစယ်မှုမျိုးတွေနဲ့ သူ့ကိုပိုချစ်လာအောင်စွမ်းဆောင်နိုင်ခဲ့တာလေ။
အမှန်စင်စစ်တော့ အောငါကသူ့ကိုဆွဲခေါ်သွားတတ်တဲ့အခါမျိုးဟာ သူ့ကိုသူထိန်းမထားနိုင်တော့တာလို့ပြောပြဖူးတယ်။ သူကပုံမှန်လေးပဲနေခဲ့ပေမယ့် ...
"ကိုကိုက လုပ်ယူမထားဘဲနဲ့ ချစ်စရာကောင်းလွန်းနေတာ..."
"ကိုကိုက အရမ်းချစ်စရာကောင်းအောင်နေတော့ မောင်က ထိန်းမထားနိုင်ဘူးပေါ့..."
ဒီလိုမျိုး ပလီပလာစကားတွေပြောပြီးတာနဲ့ မောင်က သူ့ကိုနမ်းလာတော့တာပဲ။ အကြိမ်ကြိမ်အခါခါ နမ်းရှိုက်ခဲ့ပေမယ့် အကြိမ်တိုင်း အကြိမ်တိုက်းမှာ မတူညီတဲ့ ဆန်းသစ်မှုနဲ့ စိတ်လှုပ်ရှားမှုကိုပေးနိုင်ခဲ့တယ်။ ဒါကြောင့် သူအလုပ်လုပ်နေချိန်တိုင်းမှာ တတ်နိုင်သလောက်ဝေးဝေးမှာ ရှောင်နေပေးရပေမယ့် မောင်ကတော့ သူ့ကိုမကြာခဏဆိုသလို အလုပ်တွေချခဲ့ပြီး သူ့ဆီရောက်ရောက်လာတတ်တယ်။ လုပ်ဖော်ကိုင်ဖက်ကောင်လေးက မောင့်ကို မျက်စပစ်ရင်းလှမ်းမေးတယ်။
"ဘယ်သွားမလို့လဲ...?"
အဲ့လ်ုအခါမျိုးမှာ မောင်က ရိုးသားလှတဲ့ခွေးပေါက်လေးလို တက်တက်ကြွကြွနဲ့ ပြန်ဖြေတယ်။
ESTÁS LEYENDO
"မောင့်ကိုချစ်၍ မြစ်၌စောင့်ခဲ့သည်..." {Harukyu one short}
Historia Cortaတွေးမိတွေးရာ ရေးမိရေးရာ ...💖