Part 3📛(un+zg)

69 10 3
                                    


(uni) ရေ...ရေလို့ နွန်နက် ငါပြောနေတာမကြားဘူးလာ အိတ်ယာထဲကမျက်လုံးတောင်မဖွင့်သေး ရန်ထောင်နေတာကအရင် မျက်နှာပေါ်ကိုရေဖျန်းချလိုက်တာကြောင့် လန့်နိုးလာသည်။

ဘောပဲ...ဘာလဲဟ...မျက်လုံးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့သူကြောင့် မနေ့ညကအဖြစ်ပျက်တွေကိုပြန်သတိရလာကာ ဒေါသ မီးများ​ခေါင်းထိပ်ထိထတောက်လာ၏။ဘေးကဇေရကတော့ အထက်တန်းစားထိုင်ခုံပေါ်ပြန်ထိုင်လိုက်ပြီး ရေခွက်ကို​အမှိုက်တောင်းထဲ လွှင့်ပစ်လိုက်သည်။

ခွေးမသား မင်းလုပ်ထားတာကိုမမေ့နဲ့ ငါပြန်တော့မယ် မတ်တပ်ရပ်လိုက်ရာကခွေလဲကျသွားသည်။ဘာလဲ  ဘာလို့နာနေတာလဲ ငါ့ခန္ဓာကိုယ်... မင်းငါ့ကိုဘာလုပ်သေးလဲ ဟန်...ပြောလေ...စိုးရိမ်နေတဲ့မျက်နှာလေးကသနားဖို့တော့ကောင်းသား ဒါပေမယ့် ဇေရကတော့ တည်တည်ငြိမ်ငြိမ်ပဲ အမှုအယာမပျက် ထိပ်ခေါင်ရဲ့အနားကိုကပ်ကာ ခါးကိုင်းချရင်း မျက်နှာချင်းဆိုင်လိုက်သည်။

မင်းမမှတ်မိတော့ဘူးလာ မနေ့ညက မင်းပြန်သတိရလာတော့ ရေဆာတယ်ဆိုပြီး ငါ့ခွက်ထဲကအရက်တွေကိုမော့သောက်ပစ်တာ ငါပြန်ရောက်တော့ မင်းအရမ်းမူးနေပြီ ငါမင်းအနားယူလို့ရအောင် အိပ်ယာထဲပြန်ချပေးပေမယ့် မင်းငါ့အဝတ်အစားတွေကို စပြီးချွတ်ခဲ့တာ ပြီးတော့...

ရပ်...ငါမယုံဘူး ငါ့မှာအဲလိုအကျင့်မျိုးမရှိဘူး...မင်းငါ့ကိုယုတ်မာတာပဲ အခွင့်ရေးယူတယ် ထွီး... ရွံလိုက်တာ ပြောပြောဆိုဆို ဇေရ ရဲ့မျက်နှာပေါ် တံတွေးထွေးလိုက်သည်။အနားကပ်နေတဲ့အခြေအနေက အသက်ရှူသံပင်ကြားရတာမို့ ဇေရမျက်နှာပေါ်က ဒေါသနဲ့အတူ စူးရှတဲ့မျက်ဝန်းကို ခံစားမိလိုက်သည်။မျက်နှာပေါ်က တံတွေးကို ဘောင်းဘီထဲက လက်ကိုင်ပဝါ နဲ့ ယူသုတ်လိုက်ပြီး ခါးကိုပြန်မတ်လိုက်သဖြင့် အရပ်ကအမြင့်ကြီးဖြစ်သွားကာ မော့ကြည့်ရတာ ဂုတ်ပင်ကျိုးမတတ်

ဟစ်..ထိပ်ခေါင်.... ထိပ်ခေါင်..ဟက် နာမည်နဲ့လိုက်အောင်ကို မကောင်းတဲ့ဗီဇကထိပ်ရောက်ပြီး ကောင်းတဲ့အကျင့်တွေက ခေါင်နေတာပဲ ကျစ်..ကျစ်...

မင်းဘာသောက်စကားမှမပြောနဲ့...ငါအိမ်ပြန်မှာပဲ မရရအောင် အားစိုက်ပြီးထကာ အိမ်ပြန်ရန်တံခါးကိုဖွင့်လိုက်တော့ မြင်ရတဲ့မြင်ကွင်းကြောင့် ထိန်းထားတဲ့မျက်ရည်စတွေကျလာပြီး ဇေရကိုလှည့်ကြည့်ကာ အော်လိုက်သည်။

အချစ်ရဲ့ရန်သူ( အခ်စ္ရဲ့ရန္သူ) 📛Where stories live. Discover now