Part 5⚠(un+zg)

64 6 2
                                    


[Unicode]သခင်လေးပြန်လာပြီ အိမ်ထဲကနေအပြေးအလွှားလာကြိုတဲ့နွန်နက်ကိုအာရုံမစိုက်နိုင် ဧည့်ခန်းထဲကစည်းကြိုနေတဲ့ မိသားစုစကားပြောဝိုင်း ကြောင့်စိတ်ပျက်သွားသည်။

အော်...သားပြန်ရောက်ပြီလာ ဒီမှာလာထိုင်ကြလေ ဇေရလဲလာထိုင်လေ အခုပဲနှစ်ဖက်မိဘတွေ မဂ်လာပွဲအတွက်နေ့ရွေးပြီးသွားတာ

ဟစ်...ကျွန်တော့်ကိုရောဂရုစိုက်ကြသေးလာ သေချင်သေ ရှင်ချင်ရှင် ဒီတိုင်းသူစိမ်းလက်ထဲကိုထည့်လိုက်ကြပြီး အဖွားလဲစိတ်ပျက်ဖို့ကောင်းတယ်

ထိပ်ခေါင်!!စကားပြောဆင်ခြင်စမ်း ဇေရရဲ့ ဝင်တားချက်က မာကျောလှသည်။

တိတ်လိုက်...မင်းနဲ့မဆိုင်ဘူး ဆိုကာအခန်းထဲဝင်သွား၏။ဧည့်ခန်းထဲက မျက်နှာမကောင်းတဲ့လူကြီးတွေက်ု ဇေရစကားဆက်ဖို့ အနားသွားထိုင်လိုက်သည်။

သား မင်းထိပ်ခေါင်ကို ကောင်းကောင်းမဆက်ဆံဘူးလာ  စကားပြောလဲချိုချိုသာသာပြောကြလေ နောက်ဆိုအိမ်ထောင်သည်ဖြစ်လာတော့မှာ အဖေဖြစ်သူကစကားစလိုက်သည်။

မဟုတ်ပါဘူး...ကျွန်မတို့ထိပ်ခေါင်က ငယ်သေးသလို စကားပြောလဲမတတ်ဘူး စိတ်ထားလေးကတော့ဖြူစင်ပါတယ် ဒီကဇေရကပဲ ဂရုစိုက်ပြီးစောင့်ရှောက်ပေးစေချင်ပါတယ်

ရပါတယ်အဖွားရဲ့တောင်းဆိုချက်ကို လိုက်လျောပေးပါ့မယ် အဲ့ဒီအစား တစ်ခုလောက်တောင်းဆိုလို့ရမလာ ဇေရရဲ့စကားကြောင့် အားလုံးပျာသွားကြသည်။

သား..ဘာတွေပြောနေတာလဲ

သက်ထား...ပြောပါစေကဲမင်းကဘာတောင်းဆိုချင်တာလဲ

ကျွန်တော်တို့လက်ထပ်ပြီးသွားရင် ထိပ်ခေါင်ရဲ့အသုံးစရိတ်တွေနဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ကျွန်တော်ပဲဆုံးဖြတ်ချင်တယ် သူ့ကိုဘေးကကူညီပေးနေတာမျိုးလဲမလိုချင်ဘူး ကျွန်တော့်ကိုပဲအားကိုးတာလိုချင်တယ်၊ကျွန်တော်သူ့ကို ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့လူတစ်ယောက်ဖြစ်စေချင်တယ်

ဇေရရဲ့စကားတွေကိုသဘောကျသွားကြပြီးလိုက်လျောပေးလိုက်ကြသည်။ဒါပေမယ့်ထိပ်ခေါင်ရဲ့မိဘတွေကတော့ သူတို့ရဲ့သားလေးအတွက်စိတ်ပူနေကြသေးသည်။

အချစ်ရဲ့ရန်သူ( အခ်စ္ရဲ့ရန္သူ) 📛Where stories live. Discover now