ဆိတ်ငြိမ်ရပ်ကွပ်တစ်ခုရဲ့လမ်းမပေါ်မှာ mini
mart လေးတစ်ခုရှိတယ်။ ဆိုင်ပိုင်ရှင်က25နှစ်သာရှိသေးတဲ့လူငယ်တစ်ယောက်။ ခပ်ချောချောအကိုကြီးကနေ့တိုင်းဆိုင်ထိုင်တာမို့ ကျောင်းသူတစ်ချို့ကနေ့တိုင်းဝယ်စရာမရှိရှာကြံဝယ်ပြီး ခပ်ချောချောအကိုကြီးဆီသွားတတ်ကြတယ်ဆိုပါတော့။....
Kim JiWoongကဘွဲ့ရပြီးကတည်းကဒီmini martလေးကိုဖွင့်ခဲ့တာ။ ပေါင်းသင်းဆက်ဆံရေးညံ့တာမဟုတ်ဘဲ ရောရောနှောနှောမနေချင်တဲ့အကျင့်ရှိတဲ့JiWoongက ဝန်ထမ်းလုပ်မယ့်အစား ကိုယ်ပိုင်အလုပ်ကလေးတစ်ခုကိုပဲရွေးချယ်ခဲ့တယ်။ အဖေနဲ့အမေကနယ်မြို့လေးမှာကျန်နေခဲ့ပြီး JiWoongကတက္ကသိုလ်လာတက်ရင်းဒီနေရာမှာပဲအခြေချဖြစ်သွားတယ်။
တစ်နှစ်တစ်ခါဘဲနယ်ပြန်တယ် ဘာလို့ဆိုမိန်းမပေးစားလွန်းလို့ ။ ကိုယ့်သားလေး အေးဆေးနေနေတာကိုမမြင်ချင်ကြဘူးလားမသိ။JiWoongရဲ့နေ့စဉ်ဘဝကပုံမှန်ပါဘဲ။ မနက်ပိုင်းစောစောဆိုင်လာဖွင့်ပြီးတစ်နေကုန်ဆိုင်ထိုင်တယ် ။ 24hr ဆိုင်မဟုတ်တာမို့ည10နာရီလောက်ဆိုJiWoongအိမ်ပြန်တယ်။ တစ်ကိုယ်တည်းသမားမို့ကိုယ်တိုင်ချက်ပြုတ်စားသောက်ရင်း နေ့စဉ်ဘဝကိုရိုးရိုးရှင်းရှင်းလေးဖြတ်သန်းနေခဲ့တာ ။
ပုံမှန်မဟုတ်တာက လွန်ခဲ့တဲ့နှစ်ပတ်လောက်ကစပြီး စတော်ဘယ်ရီမစ်လာဝယ်တဲ့ငွေရောင်ဆံပင် နဲ့ဂျစ်တူးကောင်လေးကစတယ်။
အဲ့ဒီနေ့ကJiWoongကောင်တာထိုင်နေရင်းညနေပိုင်းရောက်တော့နယ်ကမေမေဖုန်းဆက်လို့ဖုန်းပြောနေခဲ့တာ။ ဖုန်းပြောနေတုန်းကောင်တာရှေ့ကို ဆံပင်ငွေရောင်ဆိုထားတဲ့တရုတ်ကောင်လေးတစ်ယောက်မတ်တပ်လာရပ်ပြီး
"စတော်ဘယ်ရီမစ်တစ်ဗူးပေးပါ"
JiWoongကသွားယူမယ်အထင်နဲ့ခေါင်းတစ်ချက်ညိတ်ပြလိုက်ပေမယ့်သူဖုန်းပြောလို့ပြီးတဲ့အထိကောင်လေးကအဲ့နေရာမှာပဲမတ်တပ်ကြီးရှိနေတုန်း
အဲ့လိုနဲ့ပဲJiWoongကိုယ်တိုင်ဆိုင်ရဲ့ဘယ်ဘက်မှာရှိတဲ့ refrigeratorထဲကstrawberry milkတစ်ဗူးသွားထုတ်ပေးတော့အနောက်ကနေလိုက်လာပြီးသူလုပ်တာကိုအစဆုံးလိုက်ကြည့်နေပြန်ရော