သာယာတဲ့မနက်ခင်းလေးတစ်ခုမှာ တစ်စုံတစ်ယောက်ကတော့မသာယာနေပါဘူး။
"ရှန်ချွမ်ရွေ့ !!"
"ဗျာလို့ "
"ပန်းကန်သွားဆေးလို့ပြောနေတယ်လေ ဒီအပတ်မင်းဆေးရမယ့်အလှည့်နော် အရင်တစ်ခါတုန်းကလဲဂဂျီဂဂျောင်လုပ်ပြီးမဆေးဘူးမလား"
"ကိုကိုကလဲဗျာ ကျွန်တော်ကကိုကို့ကိုချစ်လို့ယူထားတာလေ ကိုကို့နားပဲနေမှာပေါ့ ဘာလို့အဲ့ပန်းကန်တော့ကိုအချိန်ပေးနေရမှာလဲ"
"ချွမ်ရွေ့ ကလေးလုပ်မနေနဲ့တော့
ငါဒီမှာမင်းအဝတ်တွေလျှော်ရအုံးမယ်""ကလေးမလုပ်ပါဘူး ဒါပေမယ့်ကိုကိုနဲ့အတူကလေးလေးတွေရအောင်တော့လုပ်ဖို့တော့စိတ်ဝင်စားတယ် ဟီး"
"ရှန်ချွမ်ရွေ့ !!!!!!!!!"
"အားးး ကိုကိုလွန်မယ်နော် မှားမယ်ကိုကိုစိတ်လျှော့ ."
"မင်းလာခဲ့ဘယ်ပြေးမှာလဲ ဟိုတရုတ်ကောင် !"
ဟုတ်ပါတယ် လူကြီးမင်းတို့အခုမြင်တဲ့အတိုင်းပါပဲ
ကျွန်တော်နဲ့ဒီတရုတ်လေးလက်ထပ်ထားပြီးသားဇနီးမောင်နှံ အဲ့လေ လင်မောင်နှံတွေပါ။ စတွေ့တုန်းကခပ်တည်တည်လို့ထင်ရကောင်လေးက သူနဲ့ယူပြီးတော့မှာဒီလောက်ထိမျောက်ကျပြီးလက်ပေါက်ကပ် ပြောမရဆိုမရ မျက်နှာရူး အရှက်မရှိ ဖြစ်မယ်မှန်းလုံးဝမထင်ထားရိုးအမှန်ပါ။
ဒါပေမယ့်မချစ်ဘူးလားဆိုရင်တော့ ချစ်တာပေါ့ သူ့မှာဒီအဆိုးပေလေးကိုပဲသဲသဲလှုပ်ချစ်နေရတာ။ ချစ်လို့အလျှော့မပေးလိုက်နဲ့ အဲ့တရုတ်ကောင်ကJiWoongခေါင်းပေါ်တက်ထိုင်ပြီးeyelinerထိုင်ဆွဲနေလိမ့်မယ်။..............
ချွမ်ရွေ့ကိုကိုပေါင်ပေါ်မှာအိပ်နေရင်းTVကလာနေတဲ့romanceကားကိုကြည့်နေတာ။ မင်းသားနဲ့မင်းသမီးဆုံတဲ့အခန်းကအစချိုမြိန်နေပြီး ပျားရည်အိုးဖင်ခုထိုင်ပြီးသကြားလျှပ်နေရသလိုချိုအီကလီနေရောပဲ။
အဲ့ဒီတော့ချွမ်ရွေ့ကစဉ်းစားမိတယ်
သူနဲ့ကိုကိုရဲ့ဇာတ်လမ်းကလဲ အခုdramaတွေထဲကလိုlove sceneတွေအများကြီးနဲ့အချစ်ဇာတ်လမ်းတစ်ပုဒ်ရိုက်ဖို့တွေးနေတာ။ အတွေးကိုအကောင်ထည်ဖော်ချင်တဲ့ချွမ်ရွေ့လေးကအခုလေးတင်သူကြည့်ထားတဲ့ဇာတ်ဝင်ခန်းထဲကလို ကိုကိုရဲ့ခေါင်းကိုအနည်းငယ်ဆွဲငုံ့လိုက်ပြီး နူးနူးညံ့ညံ့အနမ်းတစ်ခုဖန်တီးလိုက်တယ်။
ကိုကိုနှုတ်ခမ်းလေးတွေကစတော်ဘယ်ရီဂျယ်လီလေးတွေနဲ့တူတယ် ချိုမြိန်ပြီးအိစိအိစိနဲ့ ။ သူအကြိုက်ဆုံးစတော်ဘယ်ရီကိုတောင်စွန့်ပစ်နိုင်လောက်တဲ့အထိကိုကို့နှုတ်ခမ်းတွေကိုကြိုက်တယ်။ ကိုကိုနှုတ်ခမ်းတွေက ကိုက်ချင်အောင်တအားဆွဲဆောင်....