2

625 53 9
                                    


ရှန်မာမားရဲ့အသဲကျော်ပဲလှော်လေးကရှန်ဟိုင်းကသူ့ဖွားဖွားတွေဆီမှာပဲနေပြီး ကိုရီးယားကိုလာဖို့အတင်းချော့မော့ပြီးခေါ်ထားရတာ။
ဟော
အခုရောက်လာတော့လဲတစ်ပတ်တောင်မပြည့်သေးဘူး ပြောလာတဲ့စကားက
"မားရဲ့သားမက်လေးကိုရှာတွေ့ထားပြီ" တဲ့

ရှန်မားခဗျာ နွေလည်ခေါ်မိုးကြိုးထပစ်သလိုခေါင်းမွှေးတွေပါထောင်တဲ့အထိလန့်သွားခဲ့တာအမှန်။ သူ့သားလေးသွားတာဆိုလို့လမ်းထိပ်ကmini martပဲရှိတာ ဘယ်ကဘယ်သူ့ကိုတွေ့လာတာလဲမေးတော့လဲ

"အချိန်တန်ရင်မားတို့ရှေ့ခေါ်လာခဲ့မယ်" ဆိုပြီးပြုံး"ကြီးပြောတာကလွဲ ဘယ်သူလဲမေးမရ ။
သူမကတော့ဘယ်သူမှန်းမသိသေးတဲ့ဟိုကလေးကိုသာကြိုပြီးသနားနေမိတယ် အိမ်ကငမွှေထိုးရဲ့မူလီလို့အရစ်ရှည်မှုတွေကိုသည်းခံပေးအုံး သားလေးရေ ။

........

ခဗျားတို့တွေထင်နေတဲ့အတိုင်းပဲရှန်မားရဲ့အသဲကျော်ပဲလှော်လေးဆိုတာ ကျွန်တော်ရှန်ချွမ်ရွေ့ပါဘဲ။
ဒါပေမယ့်အခုတော့ကိုကို့အသဲနှလုံးပူတူတူးလေးရှန်ချွမ်ရွေ့လို့ပြောင်းမှတ်ထားလိုက်တော့။

....

ဟိုနေ့ရည်းစားစကားပြောပြီးတဲ့နေ့ကစပြီးအရင်လို့စကားတစ်ခွန်းပဲပြောတဲ့ကောင်လေးကဝိညာဉ်ပူးထားသလိုထရအောင်ကိုစကားတွေပြောလွန်းလို့JiWoongတစ်ယောက်လက်မြှောက်ထားရပြီ။

"ကိုကိုရေ မောနီးးးးးးးး"

လူမမြင်ရသေးဘူး အသံအရင်ကြားနေရပြီ
လှည့်ကြည့်စရာမလိုအောင်ကိုဟိုဂျစ်တူးအပြင်နှစ်ယောက်မရှိနိုင်။

"ကိုကို"

".....

"ကိုကိုရေလို့ ညကကောင်းကောင်းအိပ်ပျော်ရဲ့လား"

".....

"ကျွန်တော့ကိုရောလွမ်းသေးလား"

"......

"ကျွန်တော့်ကိုဘယ်တော့ပြန်ချစ်မယ်လို့များတွေးထားလဲခဗျ"

ဆိုင်ထဲကအထက်တန်းကျောင်းသူလေးတစ်သိုက်ကိုငွေတွက်ပေးနေတဲ့JiWoongခဗျာ သူ့အစာရှက်လို့မျက်နှာကြီးနီရဲနေရှာပြီ။
တရားခံကတော့ပတ်ဝန်းကျင်ကို I don't care I don't knowဆိုတဲ့မျက်နှာပေးနဲ့ ကိုကိုထိပ်ထားစံလုပ်နေလေရဲ့။

𝗍𝗂𝗆𝖾𝗌 𝗐𝗂𝗍𝗁 𝗒𝗈𝗎  - 𝘮𝘪𝘯𝘢𝘮𝘻 ✓Kde žijí příběhy. Začni objevovat