7.7

2.4K 284 113
                                    

Unicode

" ငါ...ငါ ဧည့်သည်ခန်းမှာပဲ သွားအိပ်လိုက်မယ် "

" သန့်ရှင်းရေး မလုပ်ထားမိဘူး
အဲ့အခန်းက ဖုန်တွေနဲ့ ဒီမှာပဲအိပ် "

အိပ်ခန်းထဲရောက်နေတာတောင် ၀မ်ရိပေါ်က
ငြင်းချင်နေသေးတုန်းပဲဖြစ်တဲ့အခါ ရှောင်ကျန့်
အနည်းငယ် စိတ်တိုလာပြီဖြစ်၏ ။ တော်ပြီ !
ဒီညမှမဟုတ်ရင် တစ်သက်လုံးမဟုတ်တော့ဘူး !

ဒီညမှ ၀မ်ရိပေါ်က ဓာတ်တိုင်ကြီးလို ဖြောင့်တုန်း
ဆိုရင် သူ တကယ် လက်လျှော့လိုက်တော့မယ် ။

" ဒါ....ဒါဆိုလည်း ငါ့အတွက်ကို
ကြမ်းပြင်ပေါ်မှာပဲ အိပ်ရာခင်းပေး "

" ကြမ်းပြင်ပေါ်မှာပဲ ? ! "

ရှောင်ကျန့် ကိုယ့်နားကိုယ် မယုံကြည်နိုင်စွာဖြင့်
အိပ်ရာပြင်ပေးနေရင်းမှ နောက်မှာ ရပ်နေခဲ့သည့်
ရိပေါ်အား အံ့ဩတကြီး လှည့်ကြည့်မိပါသည် ။

" မင်း ! ! ! ငါနဲ့ မအိပ်ချင်လို့လား ? !
ဘာလို့လဲ ? ! မဟုတ်မှ ငါ့ကို မသတီ..."

" မဟုတ်ဘူး ! ! ! ! ! အဲ့လို မဟုတ်ဘူး ! ! ! ! ! "

" ဒါဆို ? ! ဘာလဲ ? ! "

" မ..မသင့်တော်ဘူးလေ ~ "

ရိပေါ်ရဲ့ အသံက ပုံမှန်ထက်ကို တိုးညှင်းနေခဲ့သော်လည်း ရှောင်ကျန့်က ကြားရပါသေးသည် ။

" ဘာကို မသင့်တော်တာလဲ ? ! "

" တစ်ကုတင်တည်းမှာ.....မင်းနဲ့ငါ.....မဖြစ်ဘူး "

" ဘာလို့မဖြစ်ရမှာလဲ ? ! ငယ်ငယ်ကလည်း
အတူတူ အိပ်နေကြပဲကို အထူးအဆန်းလုပ်လို့ "

သူ့အကြည့်ကို မျက်နှာလွှဲသွားသည့် ရိပေါ်က
ဘာမှမရှိသည့် နံရံဖြူကြီးအား ကြည့်ရင်း....။

" မတူဘူး ~ "

" ဘာက မတူတာ "

စိတ်တိုနေရာကနေ စိတ်ရွှင်လာသည့် ရှောင်ကျန့်
ဟာ ရိပေါ်၏ နားရွက်ဖျားတွေ နီရဲလာသည်အား
မြင်တော့ ပို ပိုပြီး စနောက်ချင်လာခဲ့တော့သည် ။

ကြည့်ရတာတော့ ရိပေါ်က
ဓာတ်တိုင်ကြီး ဟုတ်မနေဘူးပဲ ။

ကောင်းတယ် ။ ကောင်းတယ် ။
သိပ်ကို ကောင်းတယ် ။ အဟိ !

Crush on Me ( Completed )Where stories live. Discover now