10

2.4K 284 89
                                    

Unicode

လတစ်လရဲ့ ရေ မီတာက မီး မီတာထက် အကုန်ကျ ပိုများနေခဲ့တဲ့အခါ မားမားက သူ့ကို အသန့်ကြိုက်ရောဂါဖြစ်နေတယ်လို့ စွပ်စွဲလာခဲ့တယ် ။

ဒါတွေ အကုန်လုံး ရှောင်ကျန့်ကြောင့်ပဲ ! ! ! ! !

ရှောင်ကျန့်က သူ့ကို နေ့စဥ် နေ့တိုင်း တစ်မျိုး
မဟုတ် တစ်မျိုး စိတ်ကူးတွေယဥ်ပြီး ထိပ်ဖူးတွေ
ကျဥ်လာအောင် လာ လာ စနေခဲ့မှတော့ ! သူ့မှာ
လောင်မြိုက်နေတဲ့ လိုအင်တွေကို ငြိမ်းသက်နိုင်ဖို့
ရေကိုပဲ တစ်နေ့ ၁၀ ခါမက ချိုးနေခဲ့မိတော့တာ ။

မတတ်နိုင်ဘူး ! ! ! သူ့မှာ ရေနိုင်နိုင်ချိုးပြီး
တရားမှတ်နေရုံအပြင် ဘာမှမတတ်နိုင်ဘူး ။

သွားလည်း ရှောင်ကျန့် ၊ စားလည်း ရှောင်ကျန့်နဲ့
ဒီပုံစံအတိုင်းဆို သူ မကြာခင်ပဲ အအေးပတ်ပြီး
လေဖြတ်သွားနိုင်ခြေရှိတယ် ။ မဖြစ်တော့ဘူး ။
ဒီအတိုင်း ထိုင်နေလို့တော့ လုံး၀ မဖြစ်တော့ဘူး ။

သူ တစ်ခုခုကို သေသေချာချာ ဆုံးဖြတ်ချက်ချမှ
ဖြစ်တော့မယ် ။ သူနဲ့ ရှောင်ကျန့်ရဲ့ ဆက်ဆံရေးက တကယ်ပဲ ဘာတွေလဲဆိုတာ သိရအောင်လို့
ရှောင်ကျန့်ကို တိုက်ရိုက် သွားမေးကြည့်ရမယ် ။

အခြေအနေကောင်းရင် တစ်ခါတည်း
ဖွင့်ပြောပြီး ဖရန့်ဇုန်ထဲကနေ ထွက်မယ် ။
အဆင့်တွေလည်း ကျော်တက်ပစ်လိုက်မယ် ။

သူ ဒီထက်ပိုပြီး ဥပုသ် ထပ်မစောင့်ချင်တော့ပါ ။
ကျားဆိုတဲ့အမျိုးက အသားကိုပဲစားချင်တာ ! ! !

" ပြောစရာရှိတယ်ဆို ဘာလဲ ပြောလေ "

" ရှောင်...ကျန့် "

" အွင်း "

" သိတယ်မလား "

" ဘာကိုတုန်း "

နားမလည်သလို ပြန်မေးလာသည့် ရှောင်ကျန့်က
သူ့ကို ကြည့်နေတာကြောင့် ၀မ်ရိပေါ် အသက်ကို
ပြင်းပြင်းရှူလိုက်ရင် လက်သီးဆုပ်လိုက်မိသည် ။

" ယော..ယောက်ျားလေးချင်း ချစ်ကြိုက်တာကို
မင်း ဘယ်လိုထင်လဲ ~ ဘယ်လိုမျိုး...မြင်လဲ ? ! "

" ဟင် ? ! ဘယ်လိုမျိုးမြင်လဲ...ဟုတ်လား "

" အင်း ~ ရွံ...ရွံ..လား "

Crush on Me ( Completed )Donde viven las historias. Descúbrelo ahora