intro

153 8 1
                                    

L:ကင်.......မောင့်ကင် မောင်မင်းကိုမမြင်နိုင်ခဲ့တာ 5နှစ် ကင် 5နှစ်ဆိုတဲ့အချိန်တခုကိုရောက်လာခဲ့ပီ လွမ်းပါတယ် ကင်ရယ် မင်းပျော်နေမယ်မလား ပျော်"နေပါ မောင်ရင်နာရကျိုးနပ်အောင်ပျော်အောင်သာနေပါ ချစ်တယ်ကင် မင်းကောချစ်ခဲ့တယ်မလား..အခုချိန်ထိချစ်ပေးဖို့တော့မတောင်းဆိုပါဘူး ချစ်ပေးခဲ့ဖူးတာနဲ့တင်မောင်ကျေနပ်ပါတယ်ကင်...‌မင်းကောမောင့်ကိုလွမ်းနေမလား;

Nurse:ပြန်ကြရအောင်လူနာ မပြန်ချင်လို့တော့မရတော့ဘူး ဆေးသောက်ချိန်နီးလှပီ နော်

L:ဆေးတေ‌ကဘာလို့သောက်ရမှာလဲ မပြန်နိုင်ဘူး မင်းပြန်ချင်ပြန်ပါ ငါ့ကိုထားခဲ့

Nurse:လူနာ ကင့်ကိုမတွေ့ချင်ဘူးလား သူဆေးရုံမှာစောင့်နေတယ်လေ

L:ကင်.....ဟုတ်လား ပြန်ရင်တကယ်တွေ့ရမှာလား ငါ့ကိုမလိမ်နဲ့နော် လိမ်ရင်ငါကခွင့်လွှတ်မယ်မထင်နဲ့

Nurse:ပြန်ရင်တွေ့ရမှာပေါ့ သူက‌လီဆာနေကောင်းလာရင် လာတွေ့မှာတဲ့ ပြန်ကြရအောင်နော် ကင်ကစိတ်ဆိုးနေမယ် နော်

L:အင်း ပြန်တာပေါ့

ကင့်ကိုတွေ့ရမယ်ဆိုတဲ့စိတ်နဲ့ဆေးရုံကိုပြန်လာတဲ့လမ်းပြုံးနေတဲ့လူနာကိုတွေ့ရတာနဲ့တင်သူဘယ်လောက်ချစ်ခဲ့တယ်ဆိုတာကိုတွေးလို့ရပါတယ် ကင်ဆိုတဲ့အမျိုးသမီးကိုကျွန်မတွေ့ဖူးချင်လှတယ် ကျွန်မကလာလီဆာဆေးရုံရောက်ကတည်းက သူ့nurseလုပ်ခဲ့ရတာ အဲ့ကတည်းကသူဟာကင်ဆိုတဲ့အမျိုးသမီးရဲ့နာမလေးကြားရုံနဲ့တယောက်တည်းပြုံးနေတဲ့အထိကိုသူချစ်လှပါတယ် တခါတလေလဲ အဲ့အမျိုးသမီးကိုအရမ်းချစ်လှကြောင်းပြောပြတက်သေးတယ် ခုတော့ဆေးသောက်ပီးအိပ်ရာနိုးလာရင်ကင်ကလာမယ်ပြောပီးသိပ့်ထားခဲ့ရတယ်

Other side

L'm:သမီးငယ်သတင်းကြားရပီလားဟင်

(ဒီစကားဟာ ချယ်နဲ့ဖေဖေကိုတွေ့တာနဲ့မေမေမေးလေ့ရှိတဲ့စကားပါ)

C:မသိရသေးပါဘူးမေမေ

ညှိုးငယ်သွားတဲ့မျက်နှာလေးနဲ့မျက်ရည်တေဝဲလာတဲ့မေမေ မေမေ့ကိုလဲသနားလှပါပီ အငယ်လေးကိုအရမ်းချစ်ရှာတာ အငယ်လေးအခုလိုဖြစ်‌တာကိုလဲဘယ်သူ့အပစ်ကိုမှတင်လို့မရပါဘူး သူ့ဝဋ်ကြွေးတေပါပဲ အငယ်လေးကိုလဲပြန်တွေ့ချင်လှပါပီ အဆင်ကောပြေပါ့မလား လိုချင်တာရှိရင်ချွဲတက်တဲ့ညီမလေးကိုသူလွမ်းလှပါတယ် ဂျန်းနီလဲသူနောင်တ‌တေနဲ့လိုက်ရှာနေခဲ့ပါတယ် ဒါပေမဲ့အငယ်လေးကအပုန်းကောင်းလွန်းပါတယ် ကောင်း"မွန်"ရှင်သန်နေမယ်မလား
(လွန်ခဲ့တဲ့နှစ်တေကပြုံးနေတဲ့အငယ်လေးပုံလေးကိုကြည့်ရင်နဲ့စကားပြောနေခဲ့တယ်)

1-1=1Where stories live. Discover now