လီ ကင်မ့်ရဲ့လူနဲ့ရမ်နဲ့(ရန်သူဟောင်း)တွဲတွေ့လိုက်သည်မှာလုံးဝစိတ်မသပ်မသာဖြစ်ရသည် စိတ်ထဲတခုခုကိုဆိုးရိမ်လျှက်ပါဘဲ
-တွေ့သင့်ပီထင်တယ်မိတ်ဆွေကြီး
လီတွေးနေတုန်းလီ့ဖုန်းကိုဝင်လာတဲ့မက်စ်ဆေ့တစ်စောင်
-သူကဘာကြောင့်တွေ့ချင်ရတာလဲ ဘာဖြစ်ချင်နေတာလဲ
သိပ့်မကြာလီ့ဖုန်းထဲလာရမဲ့နေရာကိုပို့ပေးလိုက်တယ်
-------------------------
လီဆာ့စီကိုစောင့်နေရင်းကျွန်တော်တို့အတိတ်ဟောင်းကိုပြောပြကြမလား
-ဟားးးဟားး နိုင်ပီကွတွေ့လားဟျောင့်တေ ရမ်ဆိုတဲ့ကောင်ငါ့ကိုဘယ်နေရာမှာမှမနိုင်ပါဘူးကွ
အောင်စာရင်းဆိုင်းဘုဒ်ကိုကြည့်ပီးပြောလိုက်ချင်း
လီဆာ သူကကျွန်တော်ရဲ့ငယ်ငယ်ကတည်းကကျောင်းတူတူအတန်းတူတူတက်ခဲ့တဲ့ကောင် သူကဉာဏ်အရ်းကောင်းပီးစာအရမ်းတော်တယ် ကျွန်တော်ကစာမညံ့ပေမဲ့သူ့လောက်မတော်ဘူး သူကအိမ်မှာအရမ်းအချစ်ခံရတယ် ကျွန်တော်ကတော့သု့ကြောင့်နဲ့အမဲအိမ်မှာအဖေ့ရဲ့အပစ်တင်ခြင်းတေကိုခံရတယ်
ဖြောင်းးး
တစ်ဘက်သို့ရွေ့လျားသွားတဲ့မျက်နှာတစုံ
-စောက်သုံးမကျတဲ့ကောင် ဘယ်လောက်ပဲကောင်းတဲ့ကိုက်ခေါ်ခေါ် ဘယ်လိုပဲပညာသင်ပေးပေး အဲ့ဘာမဟုတ်တဲ့ မိသားစုကကောင်ကိုဘယ်တော့အခါမှမကျော်နိုင်ဘူး ဘယ်အတန်းပဲရောက်ရောက်သူ့အနောက်မှာပဲ မင်းလိုကောင်ကိုငါဘယ်လိုယုံကြည်ရမှာလဲ မင်းငါအားကိုးရတဲ့သားကြီးဘယ်တော့မှဖြစ်မှာလဲကွ ဟမ်
-ကျွန်တော်လဲကြိုးစားပါတယ်အဖေရယ် ကျွန်တော်
ခွပ် ခွပ်
-မင်းငါ့ကိုပြန်မပြောနဲ့ သွားအခန်းထဲကိုဝင်တော့ မင်းအသံကိုပါငါမကြားချင်ဘူး သွား
ကျွန်တော်ခေါင်းငိုက်စိုက်ချပီး အခန်းထဲကိုသာစိတ်ထိန်းပီးဝင်လာခဲ့တယ်
-ဟာာာာ အားးးးး ငါ့ဘဝကြီးကဘာလို့ဒီလိုကောင်ရဲ့အနောက်ကိုပဲအမြဲရောက်နေတာလဲ သူ့ကိုပဲအမြဲရှုံးနေရတာလဲ ငါစိတ်ဆင်းရဲနေရသလိုမင်းလဲပြန်ခံရမယ် စောင့်နေ