part 2

419 47 18
                                    

အပိုင်း ၂


Korean ရဲ့ မြို့ငယ်လေး တစ်နေရာ ZErose ဆိုတဲ့ ပန်းဆိုင်လေး တစ်ဆိုင်တည်ရှိတယ်။ လက်ဆောင်ပန်းစည်း လေးများ ပြုလုပ် ရောင်းချတဲ့ဆိုင်လေး မို့ သိပ်မကျယ်ဝန်း ပေ ။ ထိုဆိုင်ထဲ မှာ ပန်း စည်းတစ်စည်းအား ပြုလုပ်နေရင်း အတွေး နယ် ချဲ့နေမိနေတဲ့ ကောင်လေးတ်းယောက် ရှိနေလေတယ်။

#မင်းအဖေက ကိုယ့်ပိုက်ဆံ တွေ ဖျောက်ပစ်တာမို့ သားဖြစ်တဲ့ မင်းနဲ့လည်း ဆိုင်တယ် ။ ဟက်!!ပြီးတော့ မင်းပြန်ဆပ်ရလိမ့်မယ် အတိုး မများချင်ရင် ကိုယ့်စံအိမ်မှာ အိမ်စေအဖြစ် အလုပ်လာလုပ်ပြီး အကြွေးဆပ် ။ အလိုမှမဟုတ်ပဲ ငြင်းဆန်နေပြီး ရှောင်ပြေးနေမယ်ဆို မင်းရဲ့ဘဝ ၊မင်းအဖေရဲ့ဘဝ၊ နောက်ဆုံး မင်းညီလေးရဲ့ဘဝ အာမခံချက်မရှိနိင်ဘူး လို့ ကိုယ်ပြောမယ် #

"လူယုတ်မာ တောက်စ်!!"

ရှေ့က ပန်းစည်းအား ကြည့်နေရင်းမှ မနက်က လူရမ်းကား ရဲ့ စကားများ ပြန်ကြားယောင်နေမိတယ်။ အကြွေး ဆပ်ရန်အိမ်စေလာလုပ်ရမည်တဲ့ ဘဝမှာ ခက်ခက်ခဲခဲ ပညာသင်ခဲ့ရတာ အလို အိမ်စေလုပ်ဖို့မှမဟုတ်ပဲ။ ဘာကိစ်စတွေ ဖြစ်ခဲ့တယ်မသိပေမယ့် အဓိက တရားခံက ကိုယ့်အဖေဆိုတဲ့ နာမည်နဲ့မို့ အကြပ်ရိုက်ရသည်။ ဘယ်လောက်ပဲ စိတ်နာနေသည် ထားဦး မိဘကိုအထိခိုက်တော့ ခံနိုင်သည်ထိ မမိုက်သေးပါ ညီလေး ရဲ့ ဘဝနဲ့ပါ ခြိမ်းခြောက်သွားသေးသည်။

ပြီးတော့ အဖေက ခုလို သူများပစ်စည်း မတရား ခိုးယူတတ်တဲ့ အကျင့်မရှိတာလည်း တစ်ထစ်ချယုံကြည်တယ်။ ဒါဟာ မရှိတဲ့ လူတွေအပေါ် ခေါင်းပုံဖြတ် အမြတ်ကြီး စားပြီး ပိုက်ဆံရှိတဲ့ လူတန်းစားတွေရဲ့ ထောင်ချောက်တစ်ရပ်ပဲဆိုတာ ကောင်းကောင်းနားလည်တယ်။ ထိုလူတွေကို အသဲထဲထိ နာအောင်မုန်းတယ် ။

"တူလေး မနက်ကတည်းကမျက်နှာမကောင်းဘူး ခုလည်း ဘာတွေစိတ်အလိုမကျ ဖြစ်ရပြန်နေပြီလည်း ဟင် "

Ji Woong ၏အနားသို့လာကာ ပုခုံးပေါ် လက်တင်လို့ စိုးရိမ်စွာ မေးမြန်လာတဲ့ ji woong ၏အဒေါ်ဖြစ်သူ ဆိုင်ပိုင်ရှင် Kim sung ။ သိပ်ပြေလည်တဲ့အထဲက မဟုတ်ပေမယ့် နေနိုင်စားနိုင် ပြီး ခုလို ဆိုင်ခန်းလေးတစ်ခု ကို ဖွင့်ထားနိုင်ခဲ့တဲ့ Kim sung က အပျိုကြီး ဖြစ်ပြီး ကျောင်းပြီကတည်းက အလုပ်ရှာမရသေးသည့်တူဖြစ်သူ ji woong အား သူနှင့်အတူ ဆိုင်တွင်ရောင်းကူရန် အငှား ဖြင့် ခန့်ခဲ့သည်။ တစ်ကိုယ်ရေ တစ်ကာယ သမားမို့ တူလေးတွေအပေါ်လည်း ငွေကြေးအချို့ ကျသည်။ အစ်ကိုဖြစ်သူရဲ့ လုပ်ရပ်ကြောင့် ကလေးတွေအပေါ် ကြားကနေလည်း အား‌နာနေဟန်ဖြစ်ချေသည်။

... Don't cry...❌ Stopping ❌Where stories live. Discover now