°°Chapter-1°°

509 31 11
                                    

မနက်ခင်းတစ်ခုတွင်ကောင်လေးတစ်ယောက်အိပ်ယာပေါ်တွင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီးအိမ်မက်ကောင်းလေးမက်နေပုံရသည်။သို့သော်ထိုအိမ်မက်လေးသည်ကြာကြာမခံ

°ဒုန်း ဒုန်း ဒုန်း Phi´james တံခါးဖွင့်နော်မဖွင့်ရင်အမေ့ကိုလှမ်းအော်တိုင်လိုက်မှာ°

ဆူညံနေသည့်အသံကြောင့်အိပ်နေသည့်ထိုကောင်လေးမှာမျက်နှာလေးရှုံ့တွပြီးနိုးလာတော့သည်။

°ဘာလဲဟာ အစောကြီးပဲရှိသေးတာကို °

°မစောတော့ဖူးနေဖင်ထိုးနေပြီ Phi နာရီလဲကြည့်လိုက်အုံး 9:00ထိုးနေပြီ°

°ဘာ 9:00 ဒီနေ့ဘာနေ့လဲ °

°အင်္ဂါနေ့လေPhi´james  °

°ဟူးတော်သေးတာပေါ့ မနက်ခင်းအတန်းချိန်မရှိဖူး နင့်ဘာသာပဲသွားတော့ °

°ဟာအာ့တာကိုကြိုမပြောဖူးPhi´james လာနှိုးရတာပဲအဖတ်တင်တယ်၊ညမလေး ဒီစာအုပ်လေးPhiဆီမှာထားခဲ့မယ် ဖတ်ချင်ဖတ်လို့ရတယ် သေချာတော့သိမ်းထားပေးနော် ညမလေးသွားပြီနော် °

°ကိုယ့်အခန်းကိုယ်မသိမ်းပဲနဲ့ဘာလို့ငါ့ကိုလာသိမ်းခိုင်းတာလဲ°

°အမေမိသွားမှာဆိုးလို့ပေါ့phiကလဲ °

°အေးအေးပြီးတာပဲဟာ သွားရင်အခန်းတံခါးပိတ်သွား°

ဒုန်းးးးး

°ဒီကောင်မလေးကတော့ညှင်ညှင်သာသာပိတ်လို့ရရဲ့သားနဲ့ မပိတ်သွားဖူး°

ထိုသည်မှာသူရဲ့တစ်ဦးတည်းသောအမွှေစိန်ညမလေးဖြစ်ပေသည်။မတည့်အတူနေ မမြင်ရင်လဲ ရှာနေကြသည်။

°ဘာစာအုပ်မို့ အာ့လောက်အဖြစ်သည်းနေတာလဲ ဖတ်ကြည့်အုံးမှ °°

°၀တ္ထုစာအုပ်ကြီးပဲ အောက်မှာမနက်စာစားရင်းဖတ်ကြည့်တာပေါ့ °

°အမယ်၀တ္ထုနာမည်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရဲ့ချစ်ပုံပြင်ဆိုပဲ °

°အာ့ကလေးမကတော့စာကြကောင်းကောင်းမလုပ်ပဲဒီလိုစာအုပ်တွေပဲ၀ယ်၀ယ်ဖတ်နေတော့တာပဲ။°

Jamesလဲ ဇာတ်ကောင်မိတ်ဆက်ကိုဖတ်ရင်းအိမ်အောက်သို့ဆင်းဖို့ပြင်လိုက်သည်။

°°NOVELထဲကူးပြောင်းပြီးနောက်ဇာတ်လိုက်၏အချစ်တော်လေးဖြစ်သွားခြင်း°°||NETJAMES||Where stories live. Discover now