°°Chapter-3°°

291 40 7
                                    

နောက်နေ့မနက်အစောပိုင်းတွင်Ueaတစ်ယောက်လန့်နိုးသည်။လန့်နိုးလာရတဲ့အကြောင်းအရင်းကတော့ အိမ်မက်ဆိုးမက်လို့ပင်ဖြစ်သည်။

အိမ်မက်ထဲတွင်သူ့နောက်ကိုကျားကြီးတစ်ကောင်လိုက်နေတယ်ဆိုပဲ။ထိုအိမ်မက်ကိုတစ်ထင့်ထင့်ပင် နိုးလာတော့လဲကျောင်းစောစောသွားဖို့ပြင်လိုက်တော့တယ်။

ဇာတ်လမ်းကလဲဘယ်လိုတွေဖြစ်နေလဲမသိပေမယ့် သူကတော့အဆင်ပြေနေဆဲပင်။ အဓိကဇာတ်ကောင်တွေနဲ့သွားမရှုပ်မိအောင်နေရမယ်။

အ့လိုတွေးနေမိမှထိုဇာတ်လိုက်ရဲ့အကြည့်တွေကဘာကိုဆိုလိုချင်နေမှန်းလဲမသိပေ။ ဘာဖြစ်ဖြစ်နောက်ကို​ေ၀​ေ၀းရှောင်မှဖြစ်မယ်။

Ueaပြင်ဆင်ပြီးတော့အိမ်အောက်ရောက်တော့အမေနဲ့အဖေကမနက်စာပင်စားနေပြီ။

°သား အဖေတို့ပြောစရာရှိလို့ °

°အဖေ့အလုပ်ကိစ္စနဲ့ ပြည်ပခရီးသွားမှာ သားအမေကိုပါခေါ်သွားမှာ °

°ဗျာ အာ့ဆိုသားတစ်ယောက်တည်းနေကမှာလားအိမ်မှာ°

°အဖေတို့သွားမှာကြာမှာသားရဲ့ ၂လလောက်ကြာမှာအာ့တာမို့လို့ အိမ်ကိုပိတ်ထားခဲ့မလို့ °

°အာ့ဆိုကျွန်တော်ကဘယ်မှာသွားနေရမှာလဲ °

°ကျောင်းနားမှာအဆောင်စုံစမ်းထားတယ် သားအာ့မှာ၂လလောက်သွားနေလောက်နော်°

°သားတစ်ယောက်ထဲမနေရဲဖူးလေ °

°အ့အတွက်တော့မပူနဲ့အ့ကအဆောင်တွေက ၂ယောက်တစ်ခန်းထားတာသားရဲ့°

Ueaလဲငြင်းမယ်အကြောင်းပြချက်ရှာမတွေ့တော့တာမို့လို့ပါးစပ်ပိတ်ပြီးသာစကားနားထောင်လိုက်ရတော့သည်။အဖေဆိုသည်မှာတစ်ယောက်ထဲသွားလဲရသည်ကိုအမေ့ကိုပါခေါ်သွားသေးသည်။

Ueaလဲစိတ်ပျက်လက်ပျက်နဲ့ကျောင်းသို့သွားတော့သည်။

°Uea မင်းရုပ်ကလဲ ရွှေအိုးပျောက်တဲ့ရုပ်နဲ့ ဘာဖြစ်နေတာတုန်း°

°ရွှေအိုးပျောက်တာထက်ဆိုးတယ်ဟ ၊ငါ့အိမ်ပျောက်တာကွNatရ°

°ဟင်မင်းအိမ်ကိုနတ်ဖွက်သွားလို့လား°

°°NOVELထဲကူးပြောင်းပြီးနောက်ဇာတ်လိုက်၏အချစ်တော်လေးဖြစ်သွားခြင်း°°||NETJAMES||Where stories live. Discover now