🔰The Sun Of Flower {Season 2}🔰🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞
Extra~1
"ဟာ ဖေဖေ သမီးလေးကချစ်စရာလေးကွာ သူ့အမေအတိုင်းပဲ"
အခု မေမေတို့ရှိတဲ့စက်ကိုင်းကို သွားမှာမို့ သမီးကို အင်္ကျီနို့စိမ်းရောင်အပွလေးနဲ့ ဘောင်ဘီအရှည်အကျပ်အနက်လေးကို ဝတ်ပေးထားပြီး သူမလည်း အဖြူရောင်ဝမ်းဆက်ကို ဝတ်ရင်း မုန်တင်ခုံရှေဆံထုံးထုံးနေခိုက် သမီးကိုပြောသလိုလို နဲ့ သူမကိုပါပြောနေတဲ့ မောင့်ကြောင့်ပြုံးမိသည်။
"ဖေဖေ "
"ပြောလေ သမီးဘာပြောမလို့လဲ"
"မေမေ နဲ့ လီလီ ဘယ်သူကပိုလှလည်း"
"မေမေကပိုလှတာပေါ့"
ကြည့်ဦး ကလေးကိုစိတ်ချမ်းသာအောင် ညာမဖြေတဲ့သူကို မျက်တင်ခုံရှေ့ထိုင်နေရာကာထပြီး မျက်စောင်းထိုးလိုက်တော့ ....
"ဖေဖေက မေမေကိုပိုချစ်တာ လီလီကိုကြမချစ်ဘူး"
"အင်း"
သူမေးနေတာတွေတာဖြေနေတာ စိတ်ရောမျက်လုံးကပါ အဖြူရောင်ဝမ်းဆက်လေးနဲ့ လှရက်နိုင်လွန်းတဲ့ အမျိူးသမီးလေးဆီသာရောက်နေသည်။လှလိုက်တာ ဘယ်အချိန်ကြည့်ကြည့် သူ့အတွက်မရိုးနိုင်တဲ့အလှမျိူး။
မောင်သူကိုကြည့်နေတာသိပင်မဲ့ မောင်ကသူ့ချီထားတဲ့သမီးလေးက ငိုမဲ့မဲ့ဖြစ်နေတာကိုသိပုံမပေါ်။ကလေးရှေ့တောင် မရှောင်သူမကိုကြည့်နေတာများဘယ်တုန်းကမှမတွေ့ဘူးတဲ့ သူတွေကျလို့။
"မောင် ! သမီးငိုတော့မယ်"
"ဟင် !! သမီးဘာဖြစ်လို့လည်း ဖေဖေကိုပြော"
"ဟင့် ဗြဲ ဟီး ဖေဖေက မေမေကိုလီလီထက်ပိုချစ်တာကို ဟီး ဖေဖေက လီလီကို ပိုချစ်ရမှာမဟုတ်ဘူးလား ဟီးဟင့်...လီလီက ဖေဖေသမီးလေး ဗြဲ "
နေ လူလည်သမီးစကားကြောင့်မဖြူသေးတဲ့ဆံပင်တောင် ချက်ခြင်းဖြူချင်သွားရသည်။သမီးက အရာအားလုံးထက် သူက ပိုချစ်တာကိုလိုချင်တာ။သမီးကလည်း ကျန်တဲ့သူတင်မက အမေဖြစ်သူထက်ကိုပင် သူကိုပိုကပ်ရှာတာ။
YOU ARE READING
The Sun Of Flower (S2 + S3)
Romance"ငါ့ဆန္ဒ မင်းဖြည့်ဆည်းပေးနိုင်တယ်မင်းပြောတယ်နော် ဒါဆိုအရင်ဆုံး ငါနှလုံးခုန်နှုန်းက မင်းအတွက်ဖြစ်အောင်အရင်လုပ်လိုက်ဦး" ❤️နေမင်းလက်ရာ❤️ "မောင်ကိုယုံတယ် တကယ်လို့မှားခဲ့ကြတယ်ဆိုရင်တောင် တမက်သက်သက်မှားချင်လို့မှားတာမဟုတ်ဘူးဆိုတာ ယုံတယ်...