🔰The Sun Of Flower {Season 2}🔰🌞နေနှစ်စင်းရဲ့ ချစ်ပုံပြင်🌞
part~48~~~
Yangon International Airport 🛫🛬
ရှိုင်းထက်မြတ် ဒီနေ့ UK က ပါတနာကအရေးကြီးတာမို့ သူကိုယ်တိုင်လေယာဥ်မဆင်းခင်း 10 မိနစ်လောက်အလိုကတည်းက လေဆိပ်ထဲရောက်နေသည်။အခုလာမဲ့ ဧည့်သည်က သူတို့လုပ်ငန်းချဲ့ထွင်းဖို့အတွက် ရှယ်ယာထည့်မဲ့ ရှယ်ယာရှင်တစ်ဦးမို့ အရေးကြီးသည်။သူဘေးမှာပါလာတာဆိုလို့ အလုပ်ဝင်တာက မကြာသေးအးပင်မဲ့အလုပ်ကြိုးစားတဲ့ ခန့်ဆိုတဲ့ကောင်လေး။လုပ်ရည်ကိုင်ရည်ကတကယ်ကို တော်တာမို့ သူလိုချင်တဲ့ လူတော်က အခုမှရသည်။
"ခန့် အချိန်ဘယ်လောက်ရှိပြီလည်း "
"10 နာရီပါ Boss"
"လာပြန်ပြီ Boss အဲ့ဟာကိုမခေါ်နဲ့ဆိုကွာ CEO ဖြစ်ဖြစ် ဦးရှိုင်းထက်မြတ် ဖြစ်ဖြစ် တစ်ခုခုခေါ်ကွာ အဲ့အသုံးနှုန်းကြီးကငါ့အတွက်အသားမကျဘူး"
သူကို Boss လို့ခေါ်ချင်လို့ခေါ်တယ်များမှတ်နေလားမသိ။CEO ရဲ့အကူအညီတောင်းမူကြောင့် သူ့ကိုခေါ်နေတာကို။
"CEO လို့ခေါ်စရာလား ငါ့မှာလူချောCEO တစ်ယောက်လုံးရှိတာကို"
ဆိုတဲ့စကားကို ခန့်စိတ်ထဲမှာပြောဖြစ်အောင်ပြောလိုက်သေးသည်။ခန့်ဆိုတဲ့ ကောင်က လမ်းဘေးမှာမတောင်းစားရုံတမယ် ဆင်းရဲမွဲတေပြီး ပညာတစ်ပိုင်းတစ်စနဲ့ ပန်းသည်။အဲလိုကောင်ကို သူ့ညီတစ်ယောက်လိုသဘောထားပြီး ဘွဲ့ရတဲ့အထိတာဝန်ယူကာ ဘွဲ့ရတော့လည်း သူ ရဲ့ company မှာအလုပ်ပေးခဲ့တဲ့CEO။ခန့် မိသားစုက တွေ့ရာနေရာမှာတဲထိုးနေရတဲ့ဘဝက တိုက်ခန်းနဲ့နေနိုင်အောင်အကုန်ထောက်ပံ့ပေးခဲ့တဲ့ CEO ကျေးဇူးကသူ့အပေါ်မှာ ဒီတစ်သက်ဆပ်လို့ကုန်မှာမဟုတ်။
"ခန့် ငါတို့ဧည့်သည်က ဟုတ်ရောဟုတ်ရဲ့လားကွ လေယာဥ်ဆိုက်နေတာ နာရီဝက်တောင်ရှိုပြီ"
"ဟုတ်တယ် နောက်ကျနေတာများလား သူဌေး"
ခန့်တော့ အခုချိန်ထိရောက်မလာတဲ့ UK က လုပ်ငန်းရှင်ကြောင့် CEO တစ်ခုခုစီစဥ်လိုက်ပြီဆိုတာ သူတွက်လိုက်သည်။CEO ကသူကလိုချင်နေတဲ့သူဖြစ်ပင်မဲ့ အောက်ကျမခံတက်တာသူသိသည်။ဘယ်လိုနည်းသုံးပြီး ဘာလုပ်လုပ်လိုက်လည်းမသိ UK ကလူကလေယာဥ်ဆင်းသက်ပြီး နာရီဝက်ကြာတဲ့အထိရောက်မလာ။
VOUS LISEZ
The Sun Of Flower (S2 + S3)
Roman d'amour"ငါ့ဆန္ဒ မင်းဖြည့်ဆည်းပေးနိုင်တယ်မင်းပြောတယ်နော် ဒါဆိုအရင်ဆုံး ငါနှလုံးခုန်နှုန်းက မင်းအတွက်ဖြစ်အောင်အရင်လုပ်လိုက်ဦး" ❤️နေမင်းလက်ရာ❤️ "မောင်ကိုယုံတယ် တကယ်လို့မှားခဲ့ကြတယ်ဆိုရင်တောင် တမက်သက်သက်မှားချင်လို့မှားတာမဟုတ်ဘူးဆိုတာ ယုံတယ်...